၂ ဗီလိန်၏နူးညံ့သိမ်မွေ့သောမေမေ(ရှအန်း)

1K 76 0
                                    

Chapter 229

"ရှောင်ရှင်း..."

ထိုနေ့တွင် ရှအန်းက အလုပ်အကုန်ပြီး၍ အမေရိကန်ပြန်ကာ ကလေးနှစ်ယောက်ကိုသွားတွေ့ရန် အစီအစဉ်ဆွဲနေခဲ့သည်။

သို့သော် သူမသားက သူမရှေ့တွင်တစ်ယောက်တည်း ပေါ်လာခဲ့သည်။

"သားဘာလို့ ရုတ်တရက်ကြီးရောက်လာရတာလဲ... တစ်ယောက်တည်းလာတာလား..."

ရှအန်းက သူမသားလေးက ကျောပိုးလွယ်အိတ်လေးလွယ်လျက် သူမကိုရှေ့တွင် ပေါ်လာသည်ကို ထိတ်လန့်သွားခဲ့သည်။

"မာမား...."

ရှရှင်းချန် ရှအန်းကို သူ့မျက်စိရှေ့တွင် မြင်လိုက်သောအခါ သူ့မျက်နှာပေါ်တွင် တောက်ပနေသော အပြုံးလေးတစ်ခုထွက်ပေါ်လာခဲ့ပြီး ချက်ချင်း သတိလစ်သွားတော့သည်။

"ရှောင်ရှင်း..."

...

"ရှအန်းကျဲစိတ်မပူပါနဲ့... ရှောင်ရှင်းက ပင်ပန်းသွားရုံပါ... ဆရာဝန်က အနားယူလိုက်တာနဲ့ ပြန်ကောင်းသွားမယ်လို့ပြောတယ်လေ..."

လူနာဆောင်ထဲတွင် ရှအန်းက ရှုထျန်းထျန်းပြောသည်ကိုကြားသော်လည်း စိတ်မချနိုင်သေးပေ။

"ထျန်းထျန်း... ရှောင်ရှင်းလေး ဘာဖြစ်တာလဲ... ပြောတော့ သူ့ကိုတစ်ယောက်ယောက်က စောင့်ရှောင့်ပေးနေတာဆို.. အခုကြဘာလို့ ရုတ်တရက်ကြီးတစ်ယောက်တည်း ပေါ်လာရတာလဲ..."

ရှအန်းက သူမသားလေး အမေရိကန်မှ တရုတ်ဆီသို့ တစ်ယောက်တည်း လေယာဉ်စီး၍ လာခဲ့သည်ကိုတွေးပြီး မွန်းကြပ်လာမိတော့သည်။

သူမသားလေးက ဉာဏ်ကောင်းကာ ထက်မြက်သော်လည်း ကလေးတစ်ယောက်သာရှိသေးသည်။

" စိတ်မပူပါနဲ့... ညီမကိုပဲအပြစ်တင်ပါ... လတ်တလောမှာ ရှောင်ရှင်းက တရုတ်ကိုပြန်လာပြီး ကျဲကိုပဲရှာချင်နေခဲ့တာ... ဒါပေမဲ့ သူ့ကိုစောင့်ရှောက်ပေးတဲလူတွေနဲ့  လက်ထောက်တွေက ကျဲက ပြန်လာတော့မယ်လို့ ပြောပေးပါတယ်... ပြီးတော့ ရှောင်ရှင်းကိုလည်း ဆက်စောင့်ဦးလို့ပြောပါတယ်..."

"မထင်မှတ်ထားတာက... ရှောင်ရှင်းက အဲ့လောက်မစောင့်နိုင်ခဲ့တဲ့ပုံပဲ..."

၂ ဗီလိန်၏နူးညံ့သိမ်မွေ့သောမေမေ(ရှအန်း)Where stories live. Discover now