ဗီလိန်၏နူးညံ့သိမ်မွေ့သောမေမေ(ရှအန်း)

996 67 0
                                    

Chapter 220

ရှကျင်းက သူ့ကိုရှတစ်မိသားစုလုံးကိုပါအသုံးချ၍ တိုက်ခိုက်ရန်  ပြင်ဆင်နေမည်ဟုရှအန်းက မထင်ခဲ့ပေ။

ရှအန်း သာသိလျှင် ပျော်ပင် ပျော်သွားပေလိမ့်မည်။

တစ်ကြိမ်တစ်ခါက ရှမိသားစု၏ စောင့်ရှောက်ပေးခြင်းခံခဲ့ရသော သမီးတစ်ဦးဖြစ်သည့် သူမက သူမ၏ သဘောကောင်းသော မိသားစုနှင့် ရင်ဆိုင်ရပေတော့မည်။

သူတို့က သူတို့၏သမီး ရှကျင်းကို သူမထံမှ အနိုင်ကျင့်ခံရအောင် လုပ်ပေးလိုက်ခြင်းဟု ထင်မည်မဟုတ်ကြပေ။

ထို့ကြောင့် သူမက စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီး ရှကျင်းနောက်မှ အင်အားကို ဖြတ်ချမည်ဖြစ်သည်။

ထို့အပြင် ဤအရာကို ရှအန်းက ဖြေးဖြေးမှန်မှန်လေး ပြီးပြည့်စုံအောင် လုပ်သွားမည်ဖြစ့သည်။

ယခုတစ်ခေါက် သူမ တရုတ်သို့ ပြန်လာခဲ့သည်မှာ ပြည်တွင်းဈေးကွက်တွင် နေရာယူရန်ဖြစ်သည်။

C.Hမှ ခန့်အပ်ထားသည့် အကြီးပိုင်းများက နိုင်ငံတကာမှ ကျွမ်းကျင်သူများဖြစ်သည်။ ရှအန်း၏ပိုက်ဆံများနှင့် ရှအန်း၏ ကျော်ကြားမှုတို့ပေါင်းစပ်ကာ ဈေးတန်ပြီး အရေအသွေးကောင်းသော နေ့စဉ်သုံးထုတ်ကုန်များက စတင်၍ ထုတ်လုပ်တော့သည်။

ထို ပြီးပြည့်စုံသော ပြင်ဆင်မှုများဖြင့် C.Hနေ့စဉ်သုံး အလှကုန်များက တရုတ်ပြည်ဈေးကွက်တွင် ထွက်လာခဲ့သည်။

C.Hက တရုတ်တွင် နာမည်တစ်ခုရှိပေသည်။ ယခုတစ်ခေါက် C.Hက စကင်ကဲပစ္စည်းအသစ်များ ထုတ်ရုံသာမက ဈေးတန်လှသော နေ့စဉ်သုံးပစ္စည်းများကိုပါ ထုတ်လုပ်လိုက်သည်။

၎င်းက ပြည်သူလူထု၏ စိတ်ဝင်စားမှုကို ဆွဲဆောင်မိသည်။ ထိုအထဲတွင် C.Hထုတ်ကုန်များ သုံးဖူးသော လူများလည်း ပါဝင်သည်။

တစ်ယောက်ယောက်သာ နေ့စဉ်သုံး ပစ္စည်းများတွင် ဈေးကွက်တစ်ခု လိုချင်လျှင် အမေများနှင့် အဘွားများကို ပစ်မှတ်ထားရပေမည်။ အဆုံးတွင် သူတို့ကသာ နေ့စဉ်သုံးပစ္စည်းများကို အဓိကဝယ်ယူကြသူများ ဖြစ်ကြသည်။

၂ ဗီလိန်၏နူးညံ့သိမ်မွေ့သောမေမေ(ရှအန်း)Where stories live. Discover now