ဗီလိန်၏နူးညံ့သိမ်မွေ့သောမေမေ(ရှအန်း)

1K 66 0
                                    

Chapter 225

အိပ်နေသောကုရှုမော့ကိုကြည့်ရင်း ရှရှင်းချန်သည် သူ၏စိတ်ထဲတွင် တိုးတိတ်စွာရေရွတ်လိုက်သည်။

'ငါက ငါ့အမေနဲ့အရမ်းတူတယ်...ငါက ငါ့အမေရဲ့သားပဲ...'

၎င်းသည် မိမိကိုယ်ကိုစိတ် ဖြေသည့်ပုံစံဖြစ်သည်။

သို့သော်လည်း... သူ၏အတွေးထဲတွင် အမျိုးသားတစ်ယောက်၏စကားသံများက တစ်ဖန်ပြန်၍နှောက်ယှက်နေပြန်သည်။

'စဉ်းစားမနေနဲ့, မင်းက သူမရဲ့သားလုံးဝမဟုတ်ဘူး...'

'လူလိမ်...ခင်ဗျားလိမ်နေတာ... ခက်ဗျားက လူဆိုးပဲ... ကျွန်တော်က လူဆိုးတွေပြောတဲ့စကားကို မယုံဘူး..."

'ငါက မင်းကိုလိမ်နေတယ် ဟုတ်လား....ဟေး.. ရှရှင်းချန်... ဒီကမ္ဘာမှာ ငါကလွဲပြီး ကျန်တဲ့သူတွေ မင်းကိုလိမ်ချင်လိမ်လိမ့်မယ်... ငါကတော့မင်းကိုဘယ်တော့မှ မလိမ်ဘူး...'

"မဟုတ်ဘူး...မာမားက ငါ့ကိုပြောထားတယ်.. ငါက သူမရဲ့သားတဲ့... မာမားက ငါ့ကိုဘယ်တော့မှလိမ်မှာမဟုတ်ဘူး...'

'အိုး...ရှရှင်းချန် နိုးထတော့...မင်းက တကယ် ရှအန်းရဲ့ကလေးမဟုတ်ဘူး...ဘာဖြစ်လို့လဲဆိုတော့.. အဲ့မိန်းမက မိန်းကလေးတစ်ယောက်ပဲမွေးခဲ့တာ, ယောက်ျားလေးမဟုတ်ဘူး...'

တရုတ်နိုင်ငံတွင်...

"ဒီတစ်ကြိမ်တော့ ငါတို့ရှမိသားစု တစ်ကယ်ကိုပွဲသိမ်းသွားပြီ... ဒီ C.H ကုမ္ပဏီက ငါတို့မိသားစုကို တိုက်ခိုက်ဖို့ တရုတ်နိုင်ငံကိုရောက်လာတာ... ငါတို့ဆီက တန်ဖိုးနည်းနေ့စဉ်သုံးထုတ်ကုန်ဈေးကွက်ကို လုယူဖို့ တန်ဖိုးကြီးအလှကုန်ပစ္စည်းတွေကို ချန်ထားခဲ့တာ..."

ရှချန်းသည် ရှမိသားစု၏နေ့စဉ်သုံးထုတ်ကုန်ကုမ္ပဏီ၏ရောင်းအားများက မကြာသေးမီအချိန်အတွင်း သိသိသာသာ လျှော့ကျသွားသည်ကိုတွေ့ရှိခဲ့သည်။ သူ၏နှလုံးသားထဲမှအပူမီးများက အလွန်ပြင်းထန်လာခဲ့သည်။

သူသည် C.H ကုမ္ပဏီက တရုတ်နိုင်ငံအနှံ့အပြားတွင် ထုတ်ကုန်များ၏ရောင်းအားကောင်းမှုကိုထိန်ထားနိုင်ပြီး ထိုသို့ကြီးမားသောဈေးကွက်တစ်ခုအတွက် ရင်းနှီးမြှုပ်နှံနိုင်သော ငွေကြေးအမြောက်အမြားရှိနေမှုအပေါ် နားမလည်နိုင်ခဲ့ပေ။

၂ ဗီလိန်၏နူးညံ့သိမ်မွေ့သောမေမေ(ရှအန်း)Where stories live. Discover now