ဗီလိန်၏နူးညံ့သိမ်မွေ့သောမေမေ(ရှအန်း)

1K 73 0
                                    

Chapter 248

"နိုင်ငံခြားသွားရမှာတဲ့လား...."

သူ အတော်လေးပျော်သွားခဲ့သည်။ သူနိုင်ငံခြားကို မရောက်ဖူးသော်လည်း နိုင်ငံခြားမှ ပညာရေး အဆင့်များမှာ မြင့်မားကြောင်း အခြားလူများပြောသည်ကို ကြားဖူးလေသည်။

ချမ်းသာသည့်လူများက သူတို့၏ကလေးများကို နိုင်ငံခြားသို့ ကျောင်းတက်ရန် ပို့ဆောင်ပေးကြသည်။ နိုင်ငံရပ်ခြားမှ ဘွဲ့ရပြီး တရုတ်သို့ပြန်လာလျှင် အလုပ်ကောင်းကောင်းတစ်ခု ရှာ၍ရပေသည်။

ထို့ကြောင့် သူ၏သမီးလေးသာ နိုင်ငံခြားတွင် ပညာသင်ပါက ပိုမို ကြီးပွားတိုးတက်လာနိုင်ပေသည်။

သို့သော် ရှအန်းကို သူ၏ပျောက်ဆုံးနေသော ညီမအဖြစ်ပြောပြီး သူတို့ကို နိုင်ငံခြားအဖြစ်ခေါ်သွားခြင်းနှင့် သမီးအရင်းကို အဒေါ်အဖြစ် ပျိုးထောင်ပေးခြင်းက အတော်လေး ထူးဆန်းသလို ခံစားရလေသည်။

"မစ္စရှအန်း... ရှောင်ရွှယ်က ခင်ဗျားကို အဒေါ်လို့ခေါ်ဖို့က‌လေ သိပ်ပြီး မသင့်တော်ဘူးလားလို့..."

ကျူးတချင်းက ရှအန်းကို ရယ်ရမလို ငိုမရလို မျက်နှာထားဖြင့် ကြည့်လေသည်။

သူ၏သမီးလေး ကြီးပြင်းလာ၍ အမှန်တရားကို သိလာခဲ့လျှင်...

"ဘာမှားတာရှိလို့လဲ... ရှောင်ရွှယ်က ငယ်ငယ်လေးရှိသေးတာလေ... ကျွန်မက သူ့ကိစ္စတွေအကုန် အသေးစိတ် ဂရုမစိုက်ပေးနိုင်ဘူး... အကယ်၍ ကျွန်မကသာ သူ့ကို သူ့ရဲ့အမေအရင်းအဖြစ် ပြောခဲ့ရင် သူ့ရဲ့ရင်ထဲမှာ အပြစ်တင်လိုစိတ်တွေရှိလာမှာပဲ.. ဘာပဲပြောပြော ကလေးတွေရဲ့ စိတ်က နုနယ်တယ်လေ..."

သူမ ထိုအကြောင်းကို အချိန်အတော်ကြာ စဉ်းစားခဲ့ရသည်။ အစက ရှောင်ရွှယ့်ကို ပြန်ခေါ်ပြီး ရှောင်ရှင်းနှင့် နဂါးနှင့်ဖီးနစ်မောင်နှမဟု လိမ်မည်ဟု တွေးခဲ့သည်။ ထိုသို့ဆိုလျှင် ရှောင်ရွှယ်နှင့် ရှောင်ရှင်းကို ပြဿနာမရှိပဲ ပျိုးထောင်ပေးနိုင်ပေလိမ့်မည်။

(နဂါးနှင့်ဖီးနစ်မောင်နှမဆိုတာ ယောက်ျားလေနဲ့ မိန်းကလေး အမြွှာနှစ်ယောက်ကိုပြောတာပါ)

၂ ဗီလိန်၏နူးညံ့သိမ်မွေ့သောမေမေ(ရှအန်း)Where stories live. Discover now