၂ ဗီလိန်၏နူးညံ့သိမ်မွေ့သောမေမေ(ရှအန်း)

1K 74 0
                                    

Chapter 228

ရုတ်တရက် ရှမိသားစုမှ အဖေနှင့်သမီးတို့က ဖုရှန်းက တစ်ဝက်မျှပွင့်နေသော တံခါးကို တွန်းဖွင့်ပြီး အထဲသို့ လမ်းလျှောက်ဝင်လာသည်ကို မြင်လိုက်ရသည်။

သူ၏ချောမောလှသော မျက်နှာက ယခုတွင် မဲမှောင်နေကြောင်း တွေ့လိုက်ရသည်။

သူ့ကိုကြည့်ရသည်မှာ မှုန်မှိုင်းနေပြီး သူ၏မျက်ဆံနက်နက်များတွင် အဆုံးမဲ့သော ဒေါသများ ရှိနေသည်။

"ဖုရှန်း..."

"ယောက်ျား..."

ရှကျင်းရော ရှချန်းပါ ဖုရှန်းပေါ်ထွက်လာမည်ဟု မထင်ခဲ့ကြပေ။

ရှကျင်းက ရှချန်းကို ဖုရှန်းက သူမနှင့်အတူခွဲနေပြီး သူမတို့နှစ်ယောက် အတူမနေတော့ဟု ပြောပြခဲ့သည်။

ရှကျင်းက အခုလတ်တလောတွင် ဖုရှန်း ခရီးထွက်နေမည်ဟု ထင်ခဲ့သည်။

ဤလူက ဤနေရာတွင် ပေါ်မလာသင့်ပေ။

"တော်လိုက်တဲ့ ရှကျင်း... မင်းသိပ်ကိုတော်ပါတယ်...ငါဒီလောက်နှစ်ပေါင်းများစွာကြာအောင် ကန်းနေခဲ့မယ်လို့ မထင်မိခဲ့ဘူး... ငါ ဒီလောက် နှစ်တွေအများကြီး  အရူးလုပ်ခံခဲ့ရတာပဲ..."

ယခုအချိန်တွင် ရှကျင်းပြောခဲ့သော သူမ ရှအန်းအပေါ် ပြုလုပ်ခဲ့သည့် ဆိုးဝါးလှသည့် အရာများကို ပြန်ကြားယောင်မိရင်း သူ့ရှေ့ရှိ ယုတ်မာရက်စက်လှသောမိန်းမကို သတ်ပစ်ချင်လာသည်။

"ဖုရှန်း အရင်ဆုံးစိတ်လျော့ပါ... ကျင်းကျင်းက ဒေါသအလျောက်ပြောမိတာပါ... အမှန်တွေမဟုတ်လောက်ပါပဲ.."

ရှမိသားစုတွင် ပြဿနာတက်နေသည်။ ရှချန်းက နောက်ဆုံးတွင် ဖုမိသားစုကို အကူအညီလာတောင်းရသည်။ ထို့ကြောင့် သူဤကိစ္စများကို ဖုံးကွယ်ထားမည်ဟု ကြိုးစားခဲ့သော်လည်း ဖုရှန်းက အကုန်သိသွား၍ အရူးလုပ်၍မရတော့ပေ။

"ဦးလေးရှ... အဆင်ပြေပါတယ် သူ့ကို ကူညီပြီး ကာပေးမနေနဲ့တော့... အမှန်အတိုင်းပြောရရင် ကျွန်တော် ဒီကိစ္စတွေကို သံသယဝင်ခဲ့တာ အတော်ကြာပြီ စုံလည်းစုံစမ်းနေခဲ့တာ... ဒါပေမဲ့ မထင်ထားမိတာက စုံစမ်းမှုရလဒ် ထွပ်မလာသေးခင်..."

၂ ဗီလိန်၏နူးညံ့သိမ်မွေ့သောမေမေ(ရှအန်း)Where stories live. Discover now