ဗီလိန်၏နူးညံ့သိမ်မွှေသောမေမေ

1K 65 0
                                    

Chapter 216

"ရှအန်းကျဲ... အစ်မသိလား... ဒါတွေက အရမ်း အံဩစရာကြီးပဲ... ညီမရဲ့ E mailထဲကို ဒီလောက် အသုံးဝင်တဲ့ဟာတွေကို ဘယ်သူ ပို့ပေးလိုက်လဲ မသိဘူး... အစက ညီမကို တစ်ယောက်ယောက်က တမင်လာစတယ်ထင်နေတာ... ဒီရှော့ ရှောင်ဟယ်ကို ဒါတွေ ဘယ်သူပို့လဲ စုံစမ်းခိုင်းလိုက်တာ..."

ယနေ့တွင် ရှအန်းက ကလေးနှစ်ယောက်ကို နှစ်သိမ့်ကာ ကျောင်းသို့ လိုက်ပို့လိုက်ပြီး ကျောင်းမှ ဆရာများနှင့် စကားပြောခဲ့သည်။ ထို့နောက် သူမ၏ ခရီးဆောင်အိတ်ကို ထုတ်ပိုးကာ ရှုထျန်းထျန်းအပါအဝင် အခြားလူများနှင့် တရုတ်သို့ ပြန်သွားလိုက်သည်။

လေဆိပ်သွားရာ လမ်းတွင် ရှုထျန်းထျန်းက တစ်စုံတစ်ခုပြောခဲ့သည်။

သူမ၏စကားများက ရှအန်းကို ထိတ်လန့်သွားစေမိသည်။ ထိုကိစ္စများက အလွန်ကြောက်ဖို့ ကောင်းလှသည်။

"ဒီ E mailထဲက ကိစ္စတွေသာမှန်မယ်ဆိုရင် ရှကျင်း ဘာလို့ ပုံမှန်ဟုတ်မနေလဲဆိုတာကို ကျဲနားလည်ပေးလို့ ရသွားပြီ..."

ရှအန်း ခပ်သာသာ ခေါင်းငြိမ့်၍ ပြောလိုက်သည်။

ဟုတ်ပေသည်။ အကယ်၍ ထိုကိစ္စများသာ တကယ်မှန်ပါက ရှကျင်း ဘာကြောင့် ဤမျှရူးနှမ်းနေရကြောင်း နားလည်သွားရပေသည်။

အဆုံးတွင် အလိုလိုက် အကြိုက်ဆောင်ခံရသော မင်းသမီးလေးတစ်ယောက် ပြန်ပေးဆွဲခံရပြီး ကျေးလက်ဘက်တွင် ရောင်းစားခံခဲ့ရသည်။ သူမ၏ ဘဝက လူတိုင်း တွေးနိုင်သည်ထက် ပိုမို ဆိုးဝါးလေသည်။

သူမကို မိသားစုတစ်စုက ဝယ်သွားခဲ့သော်လည်း ကောင်းကောင်းမွန်မွန် မဆက်ဆံကြပေ။

သို့သော် သူမထွက်ပြေးလာချိန်တွင် လိင်ကုန်ကူးသည့် အဖွဲ့ဖြင့်တွေ့ပြီး ပြည့်တန်ဆာတစ်ယောက် ဖြစ်လာရသည်။

ထိုအရာများက မိန်းမတစ်ယောက်၏ စိတ်ပိုင်းဆိုင်ရာကို သေချာပေါက် ယိုယွင်းသွားစေမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုအတွေ့အကြုံများက ခံပြင်းစရာ ကောင်းလွန်း၍ဖြစ်သည်။

သို့သော်လည်း ထိုကံမကောင်း အကြောင်းမလှသည့်အရာများကို မူလပိုင်ရှင်အပေါ်တွင် အပြစ်မတင်သင့်ပေ။

၂ ဗီလိန်၏နူးညံ့သိမ်မွေ့သောမေမေ(ရှအန်း)Où les histoires vivent. Découvrez maintenant