၂ ဗီလိန်၏နူးညံ့သိမ်မွေ့သောမေမေ(ရှအန်း)

1.1K 73 0
                                    

Chapter 257

"ဖေဖေ... မေမေ.. ဘာဖြစ်လို့လဲဟင်... အိမ်မှာ တစ်ခုခုဖြစ်လို့လား... ဘာလို့ ခွင့်တိုင်လိုက်ရတာလဲ..."

ကျူးပိုင်ရွှယ်က သူမ၏မိဘများကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။

ကြားရက်များတွင် သူမ၏မိဘများမှာ အလွန်အလုပ်ရှုပ်တတ်ကြပြီး အချိန်ပိုများဆင်းရလေ့ရှိသည်။ ယခုတွင် နေ့လည်ခင်းသာရှိသေးသော်လည်း သူမ၏မိဘများက ခွင့်ယူပြီး သူမကို လာခေါ်ခဲ့လေသည်။

ကျူးတချင်းနှင့် ဝမ်လန့်ကျီတို့က အချင်းချင်းကြည့်လိုက်ပြီး ကျူးပိုင်ရွှယ်ကိုပြောလိုက်သည်။

"အိမ်ကို အရင်ပြန်ကြတာပေါ့...အိမ်ရောက်ရင် ပြောပြမယ်နော်..."

ကျူးပိုင်ရွှယ်က အတော်လေး အရေးကြီးသည့်ကိစ္စဖြစ်နေမည်ဟု တွေးလိုက်ပြီး ခေါင်းငြိမ့်ပြကာ သူမ၏မိဘများနှင့် အိမ်ပြန်လိုက်သည်။

မကြာခင် သူတို့ အိမ်ပြန်ရောက်လာကြသည်။

ကျူးမောင်နှံမှာ အိမ်ပြန်ရောက်သည်နှင့် တံခါးသော့ခတ်ချလိုက်သည်။

ကျူးပိုင်ရွှယ်က ဤကဲ့သို့တစ်ခါမှ မကြုံဖူး၍ တံတွေးမြိုချကာ သူမ၏မိဘများကို ကြည့်လိုက်သည်။

ကျူးတချင်းက အသက်ပြင်းပြင်းရှူကာ အသံနက်နက်ဖြင့်ပြောလာသည်။

"ရှောင်ရွှယ်... မေမေနဲ့ ဖေဖေမှာ ပြောစရာရှိတယ်... အရမ်းမအံ့ဩသွားနဲ့နော်... ဖေဖေတို့ပြောတာကို စိတ်ငြိမ်ငြိမ်လေးထားပြီး နားထောင်..."

သူ့ မျက်နှာမှာ တည်တင်းနေလေသည်။

ကျူးပိုင်ရွှယ်ကလည်း တည်ကြည်စွာ ခေါင်းငြိမ့်ပြလိုက်သည်။

"ဟုတ်ကဲ့..."

အခြားတစ်ဖက်တွင် ဝမ်လန့်ကျီမှာ သူတို့လို တည်ငြိမ်မနေခဲ့ပေ။ သူမ၏သမီးလေးကို အမှန်တရားကိုပြောပြရတော့မည်ဖြစ်၍ မျက်ရည်များကို မထိန်းချုပ်နိုင်တော့ပေ။

သူမက ရှိုက်ငိုနေရင်း ပြောခဲ့သည်။

"ရှောင်ရွှယ်... သမီးခဏနေ ဘာကိုပဲကြားကြား... သမီးမှတ်ထားရမှာက မေမေနဲ့ ဖေဖေက ထာဝရအတွက် သမီးရဲ့ မေမေနဲ့ဖေဖေဖြစ်နေဆဲပဲ... သမီးကိုအချစ်ဆုံးပဲ... မေမေတို့ရဲ့ တစ်ဦးတည်းသော အဖိုးတန်သမီးလေးဖြစ်နေဆဲပဲနော်..."

၂ ဗီလိန်၏နူးညံ့သိမ်မွေ့သောမေမေ(ရှအန်း)Where stories live. Discover now