Ch-1

21.2K 274 4
                                    

Unicode
.....

Mafia's အငိုလွယ်သော ဇနီးကလေး
အပိုင်း(၁): သေတွင်းဆီသို့ကျရောက်လာခြင်း
...

"ဘာပြောတယ်? အန်းနင် မင်္ဂလာမဆောင်ခင်ထွက်ပြေးသွားတယ် ဟုတ်လား?! သူမရဲ့အဒေါ်ဝမ်းနည်းနေတာကိုကြည့်ရင်း လုအန်းအန်း စိတ်မကောင်းဖြစ်သွားခဲ့တယ်၊ သူမရဲ့အမေနဲ့အဒေါ်က ရုပ်ချင်းဆင်ကြတဲ့ အမြွှာညီအစ်မတွေလေ။

လုအန်းအန်းက သူမအဒေါ်ကို သူမမျက်လုံးထဲမှာ သူမအမေကိုကြည့်နေရသလိုမျိုးဘဲသ‌ဘောထားခဲ့တယ်။ ဘာပဲဖြစ်ဖြစ် သူမအမေဟာ သူမရဲ့အဒေါ်လောါ်ကံမကောင်းခဲ့ရှာဘူးပေါ့ သူမအ‌ဒေါ်ကချမ်းသာတဲ့လူနဲ့ လက်ထပ်ခဲ့တော့ ချမ်းသာမှုတွေကြွယ်ဝတဲ့ဘဝမှာနေထိုင်ခဲ့ရပြီး သူမရဲ့အမေကတော့ အဲ့လိုဘဝမျိုးမရခဲ့ဘူးပေါ့

သူမရဲ့အဖေက သူမတို့အိမ်မှာရှိတဲ့ ဖန်လုံအိမ်ဥယျာဉ်ထဲမှာ အသီးတွေနဲ့ဟင်းသီးဟင်းရွက်တွေ ကိုစိုက်ပျိုးရတဲ့ လယ်သမားတစ်ယောက်ပေါ့ သူမအဖေရဲ့ဝင်ငွေကမနည်းဘူးဆိုပေမယ့် ကံဆိုးချင်တော့‌ လွန်ခဲ့တဲ့ငါးနှစ်မှာ သူမအမေဟာ ကင်ဆာရောဂါရှိလာခဲ့တယ်။

အဲ့ရောဂါကိုကုသဖို့က ပိုက်ဆံအများကြီးလိုတာကြောင့် သူတို့မှာစုဆောင်းထားသမျှပိုက်ဆံတွေအကုန်လုံးနဲ့ ဆေးကုသခွင့်ယူခဲ့တာတောင် ဆေးဖိုး‌တွေအတွက်တော့ မတတ်နိုင်ခဲ့ဘူးပေါ့။ ဒီနှစ်တွေထဲမှာ သူမအဒေါ်ဖြစ်တဲ့လီမိန်ဟွာရဲ့ အကူအညီကြောင့်ပဲ သူမရဲ့အမေဆက်ပြီး ဆေးကုသခွင့်ရခဲ့တာကြောင့် သူမအဒေါ်ရဲ့မိသားစုကို အရမ်းကျေးဇူးတင်ခဲ့တာပေါ့

လီမိန်ဟွာက
"အဒေါ်ဘာဆက်လုပ်ရမလဲမသိတော့ဘူး အန်းအန်း" ဆိုပြီးငိုပြောခဲ့တယ်

"အဒေါ့်သမီးက အရှေ့ပိုင်းမှာရှိတဲ့ အကြီးဆုံးမာဖီးယားမိသားစုခေါင်းဆောင်ရဲ့သားနဲ့ လက်ထပ်ရမှာဆိုပေမယ့် အန်းနင်က အခြားတစ်ယောက်နဲ့ကိုယ်ဝန်ရသွားပြီး မင်္ဂလာမဆောင်ခင်မှာထွက်ပြေးသွားတယ်သမီးရယ်..။ တကယ်လို့အဲ့လူသာ ဒီအကြောင်းကိုသိရင် အဒေါ်တို့တစ်မိသားစုလုံးကို သတ်ပစ်လိမ့်မယ်!"

"အဲ့တာဆို သမီးတို့ ဘာဆက်လုပ်ကြမလဲဟင်?" လုအန်းအန်းက မျက်မှောင်ကြုတ်သွားပြီး မျက်ရည်တွေဝဲလျက် စိုးရိမ်စွာနဲ့မေးလိုက်တယ်။

Mafia's အငိုလွယ်သောဇနီးကလေး(18+MM Tran)Where stories live. Discover now