Ch-7

8.6K 182 5
                                    

ကဲစတင်ပြီနော် ပြဿနာဖြစ်လာရင်တော့ ပစ်မထားပါနဲ့
ဆိုးဆိုးရွားရွားcharacterကို မမန့်ကြပါနဲ့နော်..
....

Mafia's အငိုလွယ်သော ဇနီးကလေး
အပိုင်း(၇): အနမ်းတစ်ပွင့်
...

" လှုပ်သွားတယ်! ‌ဒယ်ဒီ့လက်လှုပ်သွားတာကို သားမြင်လိုက်တယ်" ဆိုပြီးရန်းရင်းလန်က ပျော်ရွှင်စွာလက်ခုပ်တီးပြီး ကခုန်နေခဲ့တယ်

"ဒီနည်းလမ်းက တကယ်အလုပ်ဖြစ်တာပဲ မာမီ ဒယ်ဒီ့ကိုအနမ်းတွေ အများကြီးထပ်ပေးလိုက်အုံးလေ ဒယ်ဒီ့ရဲ့နှုတ်ခမ်းကိုနမ်းရမှာနော်မာမီ ပါးကိုနမ်းရမှာမဟုတ်ဘူး။ နတ်သမီးပုံပြင်တွေထဲမှာဆိုရင် ခေါင်းဆောင်မင်းသမီးတွေအကုန်လုံးက ခေါင်းဆောင်မင်းသားတွေရဲ့ နှုတ်ခမ်းကိုနမ်းကြတာ"

လုအန်းအန်းဟာ ရန်းရင်းလန်ကိုအခန်းထဲနေဆွဲခေါ်ထုတ်စေချင်ပေမယ့် သူမလည်းနဲနဲလေးစပ်စုချင်မိသွားတယ် သူမရဲ့အနမ်းက ရန်းယွမ်ကောလက်လှုပ်သွားတာနဲ့ ဘယ်လိုများသွားပတ်သက်နေမိပါလိမ့်?

နောက်ပြီးတော့ သတိမေ့ပုံတွေကအမျိုးမျိုးရှိတယ်လေ တချို့တွေကသတိမေ့နေပေမယ့် အပြင်ကပြောတာတွေကိုမကြားရဘူး တချို့တွေကလည်းကြားရပေမယ့် လှုပ်လို့မရပြန်ဘူး တချို့ကျပြန်တော့လည်း နဲနဲ‌လေးလှုပ်လို့ရပေမယ့် စကားပြန်မပြောနိုင်ကြဘူး

အပေါ်ကပြောပုံတွေအရဆိုရင် ရန်းယွမ်ကောကပထမပုံစံထဲမှာပါလိမ့်မယ် ဒါပေမယ့် လုအန်းအန်းနမ်းလိုက်တာနဲ့ သူဘာလို့ ရုတ်တရက်ကြီးလှုပ်သွားရတာလဲ သူမရဲ့အနမ်းကပဲ မှော်ဆန်နေတာလား? လုအန်းအန်းဟာအဲ့အကြောင်းကိုတွေးနေခဲ့တယ်

ရန်းရင်းလန်ဟာ ရန်းယွမ်ကောကိုနမ်းဖို့ ဘေးနားကသူမကိုအဆက်မပြတ်ပြောနေခဲ့တာကြောင့် သူမဟာစိတ်တွေရှုပ်ပြီး အေးအေးဆေးဆေးမတွေးနိုင်ဘူး ဖြစ်ခဲ့တယ်။ သူမမသိလိုက်ခင်မှာပဲ  လုအန်းအန်းဟာ သူမခါးလေးကိုကွေးလိုက်ပြီး ရန်းယွမ်ကောရဲ့နှုတ်ခမ်းပါးလေးတွေကို နမ်းလိုက်တယ်

ရန်းယွမ်ကောရဲ့နှုတ်ခမ်းတွေဟာ နူးညံ့ ပျော့ပျောင်းပြီးခြောက်သွေ့ကာနွေးထွေးနေတာကြောင့် သူမတွေးထားတာနဲ့ ဆန့်ကျင်ဘက်ဖြစ်နေခဲ့တာ။

Mafia's အငိုလွယ်သောဇနီးကလေး(18+MM Tran)Where stories live. Discover now