Ch-14

7.9K 174 12
                                    

Mafia's အငိုလွယ်သော ဇနီးကလေး
အပိုင်း(၁၄): မင်းကိုယ့်တစ်ယောက်ထဲကိုပဲနမ်းရမယ်
...

"မင်းသူ့ကိုဘယ်လိုခေါ်လိုက်တာလဲ?" ဆိုပြီး ရန်းရင်းလန်တံခါးနောက်က ထွက်သွားတာကိုကြည့်ရင်း ရန်းယွမ်ကောဟာ မျက်မှောင်ကြုပ်နေခဲ့တယ်။

လုအန်းအန်းဟာ ဇဝေဇဝါဖြစ်သွားခဲ့တယ်
"လိမ္မာတဲ့ကောင်လေးလို့ပြောလိုက်တာလေ"

ရန်းယွမ်ကောက သူမကိုတအံ့တသြကြည့်ကာ သူမကိုကြည့်ကာ "အဲ့တာမင်းရဲ့သားလား?"

"မဟုတ်ပါဘူး အဲ့တာရှင့်ရဲ့သားလေ" ဆိုပြီး လုအန်းအန်းကပြောလိုက်တယ်

"ကျွန်မကလေးယူလို့ မရသေးဘူးလေ။ ရှင်သတိမေ့နေတုန်းက ရှင့်အဖိုးက သူ့ကိုရှင့်ဆီပို့လိုက်တာ သူ့ကိုကြည့်ရတာ ရှင့်အစ်ကိုအကြီးဆုံးရဲ့ ကလေးထင်တယ်။ သူကပဲ ရှင့်ကိုသတိပြန်ရအောင်လုပ်ပေးခဲ့တာ"

တကယ်လို့ ရန်းရင်းလန်ဟာ သူ့ကိုမနမ်းခိုင်းဘူးဆိုရင်...သူအခုထိအိပ်ရာထဲမှာ သတိမေ့မျောနေအုံးမှာပဲ။ သူ့အသက်သခင်ကျေးဇူးရှင်ကိုတောင် ဘာလို့ကျေးဇူးမသိတတ်ရတာလဲ?

ဒီအကြောင်းရန်းယွမ်ကောကြားတော့ သူ့ရဲ့မျက်နှာဟာ စောနကအတိုင်းပဲ မျက်မှောင်ကြုတ်နေပြီး ပိုပြီးတော့လေးနက်တဲ့စကားတောင် ပြောလိုက်သေးတယ်

"နောက်တစ်ခါ တခြားယောက်ျားတွေကို ကြုံသလိုမနမ်းနေနဲ့"

လုအန်းအန်း ဆွံ့အသွားခဲ့တယ်

"သူကအခုမှငါးနှစ်ပဲရှိသေးတာလေ တခြားယောက်ျားဆိုတာက ဘာသဘောလဲ? နောက်ပြီးတော့ သူ့ရဲ့ပါးလေးကို‌နမ်းလိုက်တာလေ အဲ့တာကလည်းဖွဖွလေးနမ်းလိုက်တာပါ" ဆိုပြီး လုအန်းအန်းဟာ အသံတိတ်ဆန္ဒပြနေခဲ့တယ်

သူမအရှေ့မှာရှိတဲ့လူဟာ မျက်ခုံးပင့်လိုက်ပြီး "အဲ့ဆိုလည်းထပ်မလုပ်နဲ့ မင်းကိုယ့်တစ်ယောက်ကိုပဲနမ်းရမယ်" ဆိုပြီးသေသေချာချာပြောလိုက်တယ်

အဲ့လိုပြောပြီးတဲ့အခါမှာ လုအန်းအန်းကိုပြန်ပြောဖို့ကိုအခွင့်အရေးမပေးတော့ပဲ ဆက်ပြောလိုက်တယ်။

Mafia's အငိုလွယ်သောဇနီးကလေး(18+MM Tran)Where stories live. Discover now