Ch-6

9.9K 208 4
                                    

Unicode
...

Mafia's အငိုလွယ်သော ဇနီးကလေး
အပိုင်း(၆): သူကနှာဘူးကြီး
...

"ဘယ်လိုလုပ်ရမလဲဆိုတာကို မနက်ဖြန်မှ ရှင်ကျွန်မကိုရှင်းပြပါလား? ရှင်မြင်တဲ့အတိုင်းပဲ ဒီနေ့ကရှင်းပြဖို့အဆင်မပြေဘူးဆိုတာကို" ဆိုပြီး လုအန်းအန်းကသူနာပြုကို ယဉ်ကျေးစွာပြောလိုက်တယ် "အရမ်းလည်းနောက်ကျနေပြီမို့ ရှင့်ရဲ့အချိန်တွေကို အလဟသ မဖြစ်စေချင်ဘူး"

သူနာပြုက ခဏလောက်စဉ်းစားလိုက်ပြီး ခေါင်းညိတ်လိုက်တယ် " မနက်ဖြန်ကနောက်ဆုံးနေ့ဆိုပေမယ့်  ကျွန်တော်သခင်မကို ဘယ်လိုလုပ်ရမလဲဆိုတာကိုပြပြီး အကုန်လုံးကိုတစ်ခါတည်း ရှင်းပြပေးချင်လို့ သဘက်ခါမှပဲ ကျွန်တော်ဆေးရုံကို အကြောင်းပြန်လိုက်တော့မယ် ကျွန်တော်ဒီနေ့တော့ သခင်ကြီးရန်းရဲ့ခန္ဓာကိုယ်ကို မသန့်ရှင်းပေးရသေးဘူး‌

ဒါပေမယ့် လုံလောက်တဲ့အစာရည်တွေတော့ လုပ်ပေးထားတယ် အဲ့ဒီတော့ ဒီနေ့သခင်မကိုယ်တိုင်ပဲ သခင်ကြီးရဲ့ခန္ဓာကိုယ်ကို သန့်ရှင်းပေးလိုက်ပါလား..။ လိုအပ်တာတွေကိုမနက်ဖြန်ကျရင် ထပ်မေးလို့ရတာပေါ့ ဘယ်လိုသဘောရလဲ သခင်မရန်း?"

ဘယ်လို? လုအန်းအန်းက ရန်းယွမ်ကောရဲ့ခန္ဓာကိုယ်ကို ဒီနေ့သန့်ရှင်းပေးရလိမ့်လို့ သူမလုံးဝမထင်ထားခဲ့ဘူး။ သူမနှုတ်ခမ်းကို ရှက်ကိုးရှက်ကန်းနဲ့ကိုက်လိုက်ပြီး အိပ်ရာပေါ်မှာလှဲနေတဲ့ အရပ်ရှည်ရှည်နဲ့လူကိုကြည့်နေခဲ့တယ်။

သူမဆုံးဖြတ်ချက်မချခင်မှာပဲ ရန်းရင်းလန်က လုအန်းအန်းရဲ့အာရုံစိုက်မှုကို လိုချင်တော့ အနည်းငယ်ခုန်လိုက်ကာ

"မာမီ သားပြောတာကိုမာမီကြားလိုက်ရဲ့လားဟင်?!"

လုအန်းအန်းဟာ အသိစိတ်ပြန်ဝင်လာပြီး ကျန်တာတွေအားလုံးကို သူမတာဝန်ယူလိုက်မယ်လို့ပြောကာ သူနာပြုကို သွားလို့ရပြီလို့လက်ဟန်ပြရင်း ရန်းရင်းလန်ရဲ့ မေးခွန်းကို‌ဖြေလိုက်တယ်

"သားပြောတာကို မာမီ့နားရွက်နှစ်ဖက်လုံးနဲ့ကြားလိုက်တယ် ဒါပေမယ့်..." သူနာပြုအခန်းထဲကထွက်သွားတာကိုတွေ့တော့ လုအန်းအန်းက အသံတိုးတိုးလေးနဲ့ "ဒါပေမယ့် အဲ့တာတွေက နတ်သမီးပုံပြင်ထဲကဇာတ်လမ်းတွေ သားလေးရဲ့ တကယ့်လက်တွေ့ဘဝမှာ သတိမေ့နေတဲ့သူကို နမ်းလိုက်ရုံနဲ့ သတိပြန်ရလာတယ်ဆိုတာက မဖြစ်နိုင်ဘူးကွဲ့"

Mafia's အငိုလွယ်သောဇနီးကလေး(18+MM Tran)Dove le storie prendono vita. Scoprilo ora