Ch-9

8.7K 386 22
                                    

Characterတွေအား ထိခိုက်စေမည့်ဆိုးဝါးသော
cmmများမမန့်ပါနဲ့ မဖတ်လိုပါကကျော်သွားပေးပါသဲသဲတို့။
....

Mafia's အငိုလွယ်သော ဇနီးကလေး
အပိုင်း(၉): ကျွန်မကရှင့်ရဲ့မိန်းမ
....

အဲ့ဒီဟာကတော်တော်ကြောက်ဖို့ကောင်းတာပဲ။ လုအန်းအန်းဟာအရမ်းကြောက်လွန်းလို့ သဘက်ကိုအိပ်ရာပေါ်လွှတ်ပစ်လိုက်ပြီးတော့ ကြမ်းပြင်ပေါ်ထိုင်ချလိုက်မိတယ်၊ သရဲကိုတွေ့ရသလိုမျိုးနဲ့ ရန်းယွမ်ကောကိုကြည့်နေရင်းနဲ့လေ။

သူဘာဖြစ်နေတာလဲ? သူကသတိမေ့နေတဲ့အခြေအနေမှာပဲ ရှိသေးတာမဟုတ်ဘူးလား သူ့ဟာက ဘယ်လိုဖြစ်လို့ အဲ့လိုထောင်နေရတာလဲ? သူကတကယ့်နှာဘူးပဲဆိုပြီး လုအန်းအန်းတွေးမိသွားတယ်

လုအန်းအန်းဟာ သူမခြေချောင်းတွေကိုကွေးထားပြီး နံရံရဲ့ထောင့်နားမှာ အချိန်အကြာကြီးကြောက်လန့်ကာ ထိုင်နေခဲ့တယ်။ သူမအဲ့အိပ်ရာနားတောင်မကပ်ရဲတော့ဘူး!

ခဏကြာတော့ သူမမျက်လုံးထောင့်ကနေပြီး ရန်းယွမ်ကောကိုလှမ်းကြည့်လိုက်တယ်။ သူ့မျက်နှာကို သဘက်နဲ့အုပ်ထားပြီး အဝတ်အစားတွေကလည်းဖရိုဖရဲဖြစ်နေတယ်

ဒီတိုင်းသာဆို သူအအေးပက်သွားတော့မှာဘဲ။ တကယ်လို့သူသာ လုအန်းအန်းကြောင့်ဖျားသွားခဲ့ရင် ရန်းမိသားစုကသူမကိုအလွတ်ပေးမှာမဟုတ်ဘူး။ လုအန်းအန်းအဲ့အကြောင်းကိုတွေးနေရင်းနဲ့ ကြမ်း‌ပြင်ပေါ်ကနေမြန်မြန်ထကာ အိပ်ရာနားကိုလျှောက်လာပြီး အေးနေတဲ့သဘက်ကို လှမ်းယူလိုက်တယ်။

ရန်းယွမ်ကောရဲ့စောစောက မတ်ထောင်နေတာက အဲ့လောက်မဆိုရွားတော့ပေမယ့် အဲ့ဒါတောင်မှ သူရဲ့ဆိုဒ်က တော်တော်ကြောက်ဖို့ကောင်းတယ်

‌ဒါကမသန်မစွမ်းဖြစ်နေတာကြောင့်လား?? သူ့မှာဒီလိုအကျင့်ရှိတတ်တာကြောင့်လားဆိုတာကို လုအန်းအန်းမတွေးတတ်တော့ဘူး အဲ့လိုတွေးနေရင်းနဲ့ ရန်းယွမ်ကောအပေါ်ကို သူမသနားစိတ်ဝင်သွားမိခဲ့ပြီး စိတ်အေးအေးထားကာ သူ့ရဲ့ဘောင်းဘီကိုပြန်ဝတ်ပေးပြီး စောင်ခြုံပေးလိုက်တယ်

သူ့ကိုအစက ဘယ်လိုစောင်ခြုံပေးတာလဲဆိုတာကို ပြန်စဉ်းစားရင်း လုအန်းအန်းဟာသူ့ရဲ့လက်တွေကို စောင်ရဲ့အပြင်ကိုထုတ်လိုက်တယ်။ သူမရေဇလုံထဲက ရေတွေကိုသွန်မို့လုပ်နေတုန်း အဲ့အချိန်မှာဘဲ ရုတ်တရက်ကြီး ရန်းယွမ်ကောကသူမရဲ့လက်ကို လှမ်းကိုင်လိုက်တယ်!!!

Mafia's အငိုလွယ်သောဇနီးကလေး(18+MM Tran)Where stories live. Discover now