Ch-15

8.1K 171 21
                                    

Unicode
...
Mafia's အငိုလွယ်သော ဇနီးကလေး
အပိုင်း(၁၅): တကယ့်ကိုကံမကောင်းခြင်း
....

လုအန်းအန်းရဲ့ဦးလေးကတော့ တိတ်တဆိတ်ဖြစ်နေခဲ့တယ် သူ့ကိုကြည့်ရတာ အမေနဲ့သမီးရဲ့လုပ်နေတဲ့ကိစ္စကို သဘောတူနေပုံရတယ်

သခင်မကြီးရန်းဟာ သူမအရှေ့မှာ အတင်းတုပ်နေရင် အရမ်းမုန်းတာကြောင့် လုံးဝကိုမျက်မှောင်ကြုတ်သွားခဲ့တယ်။ နောက်ပြီးတော့ လုအန်းအန်းက သူမရဲ့မြေးချွေးမဖြစ်သွားလို့လည်းတော်တော်ကျေနပ်နေခဲ့တာလေ!

သခင်မကြီးရန်းရဲ့ငြိမ်သက်တဲ့မျက်နှာဟာ လုံးဝပျောက်ကွယ်သွားပြီး "နင်တို့ပြောလို့ပြီးပြီလား? ငါပြောဖို့အလှည့်ရောက်တော့မှာလား?" ဆိုပြီး အေးတိအေးစက်နဲ့ပြန်ပြောလိုက်တယ်

အမေနဲ့သမီးဟာ သခင်မကြီးရန်းစိတ်မရှည်နေတာကို တွေ့သွားတော့ သူတို့နှစ်ယောက်ရဲ့ပါးစပ်ဟာ ချက်ချင်းပိတ်သွားပြီး ကြောက်လန့်စွာကြည့်နေခဲ့တယ်။

သခင်မကြီးရန်းဟာ မိသားစုကို နှစ်ပေါင်းများစွာထိန်းသိမ်းထားခဲ့တာကြောင့် ပုံမှန်ဆိုရင် သူကအရမ်းဖော်ရွေတတ်ပေမယ့် ဒီနေ့ စိတ်သိပ်မကြည်တဲ့ပုံဘဲ။

"အန်းအန်းကလိမ္မာတဲ့ကလေးမလေးပါ တကယ်လို့နင်တို့ပေါက်ကရတွေလျှောက်ပြောနေမယ်ဆိုရင်တော့ ငါဒေါသထွက်ရလိမ့်မယ်" ဆိုပြီးသခင်မကြီးရန်းဟာ လုအန်းအန်းဘက်ကနေ ကာပြောပေးခဲ့တယ်

သူတို့နှစ်ယောက်ဟာ လုအန်းအန်းကို ထူးဆန်းတဲ့မျက်နှာထားနဲ့စောင်းကြည့်လာတယ်၊ လုအန်းအန်းဟာ သူမအသက်ငယ်ငယ်လေးနဲ့ ဒီကိစ္စမျိုးကို ဘယ်လိုလုပ်လိုက်တာလဲ။

သူမအခုလေးတင် ရန်းမိသားစုဝင်နဲ့လက်ထပ်ခဲ့ပေမယ့် သခင်မကြီးရန်းရဲ့မျက်နှာသာရမှုကိုတောင် ရသွားတယ်! ရှေ့ဆက်ရမယ့်နေ့တွေအတွက်ကို သူတို့မစိုးရိမ်ခဲ့ပေမယ့် သူတို့ရဲ့ပြောပုံဆိုပုံတွေဟာ လုအန်းအန်းအပေါ်ကို မကောင်းခဲ့တာကြောင့် တကယ်လို့လုအန်းအန်းသာ သခင်မကြီးရန်းရှေ့မှာ သူတို့ကိစ္စတွေအကုန်လုံးကိုဖွင့်ပြောလိုက်ရင် သူတို့မိသားစုရဲ့ကုမ္ပဏီသေးသေးလေး ပျက်စီးသွားမှာကိုတော့ စိုးရိမ်တယ်လေ!

Mafia's အငိုလွယ်သောဇနီးကလေး(18+MM Tran)Donde viven las historias. Descúbrelo ahora