Ch-3

11.9K 177 3
                                    

Unicode
...

Mafia's အငိုလွယ်သော ဇနီးကလေး
အပိုင်း(၃) သူများနာကျင်တာကို နှစ်သက်ခြင်း
...

"သူက လူတွေအများကြီးကိုသတ်ခဲ့ပြီး အရှေ့ပိုင်းဒေသက နာမည်အကြီးစား ဖီးယားခေါင်းဆောင်နော်ညီမလေး သူအခုသတိမေ့နေတယ်ဆိုရင်တာတောင် သူရဲ့ဆိုးဝါးတဲ့မိသားစုတွေနဲ့ ညီမလေးရင်ဆိုင်ရအုံးမှာ..။ အဲ့တာကြောင့် ညီမလေး ဒီလိုအနစ်နာခံတာမျိုးကို ကိုကြီးလက်မခံနိုင်ဘူး" ဆိုပြီး စကားကိုအဆုံးသတ်ကာ လုအန်းဟွေရဲ့အသံတွေဟာ တုန်ရီလာတာကြောင့် အနည်းငယ်ဆို့နစ်သွားခဲ့တယ်

အဲ့တာနဲ့ လုအန်းအန်းက သူမအစ်ကိုရဲ့ပါးစပ်ကို အမြန်အုပ်လိုက်ပြီး သူမမိဘတွေကို ဒီအကြောင်းနဲ့ပတ်သက်ပြီးမသိစေချင်တာကြောင့် သူမအစ်ကိုကိုတိုးတိုးပြောလို့ ပြောလိုက်တယ် လုအန်းဟွေကသူ့ညီမအစား ရင်လေးမိခဲ့တယ်

"ညီမလေး ဒီကိစ္စကို ဘာလို့ဖုံးကွယ်ထားရတာလဲ? အဖေနဲ့အမေနဲ့က အရူးတွေမှမဟုတ်တာ ညီမလေးအဲ့လူနဲ့လက်ထပ်ရင် ဒီအိမ်မှာဆက်နေလို့မရတော့ဘူးလေ အဲ့အခါကျရင်အ‌ဖေတို့ ညီမလေးကိုရိပ်မိသွားလိမ့်မယ်လေ မဟုတ်ဘူးလား?

"ဒါပေမယ့် ညီမလေးအမေ့ကို အမြန်သက်သာစေချင်တယ် ကိုကြီးရယ်!" ဆိုပြီးလုအန်းအန်းဟာ ငိုချပစ်လိုက်မိတော့တယ်

"ညီမလေးလည်း အဲ့သတိမေ့တဲ့သူနဲ့လက်မထပ်ချင်ပေးမယ့် တကယ်လို့အဲ့လူနဲ့လက်ထပ်လိုက်ရင် အမေခွဲစိတ်ဖို့အတွက် ခွဲစိတ်ခစရိတ်ရမှာ..."

လုအန်းဟွေဟာ သူ့မျက်လုံးထဲကနေမျက်ရည်တွေဝဲတက်လာခဲ့ပြီး သူ့ညီမလေးကိုတင်းကြပ်စွာ ဖက်ထားရုံကလွဲလို့ ဘာမှပြန်မပြောနိုင်ခဲ့ဘူး။ အဲ့လိုနဲ့သူမိသားစုကိုအတတ်နိုင်ဆုံးကာကွယ်ပြီး သူ့အဒေါ်နဲ့သူ့အ‌ဒေါ်မိသားစုတွေ ဒီကိစ္စကို ပြန်ပေးဆပ်ရမယ်လို့ သူ့ရဲ့စိတ်ထဲမှာ တိတ်တဆိတ်ကျိန်ခဲ့တယ်

"ဒီအကြောင်းကို အဖေနဲ့အမေမသိအောင် ကူညီပေးပါနော် ကိုကြီး" လို့ လုအန်းအန်းက သူမအစ်ကိုကိုပြောခဲ့တယ်

"ညီမလေး ပရိုဂရမ်အသစ်ကိုလျှောက်ထားလို့ တက္ကသိုလ်ရဲ့ကျောင်းဝင်းထဲမှာနေတော့မယ်။ အိမ်ကိုခဏခဏ လာလည်လို့ရမှာမဟုတ်တော့ဘူးလို့ အဖေတို့ကိုပြောပေးပါနော် ။ တကယ်လို့တစ်ခုခုဖြစ်နေရင် ညီမလေးဆီအမြန်ဆုံးဖုန်းဆက်လိုက်"

Mafia's အငိုလွယ်သောဇနီးကလေး(18+MM Tran)Where stories live. Discover now