Ch-16

4.7K 102 10
                                    

Uncode
...
Mafia's အငိုလွယ်သော ဇနီးကလေး
အပိုင်း(၁၆): ကောင်းတဲ့အရာဆိုတာ တကယ်ရှိရဲ့လား?
.....

သခင်မကြီးရဲ့မျက်နှာကတော့ ပုံမှန်အတိုင်းလို ကြင်ကြင်နာနာရှိမနေပဲ အေးတိအေးစက်ဖြစ်နေတုန်းဘဲ။ လီမိန်ဟွာရဲ့အကြည့်တွေကတော့ နဲနဲဒေါသထွက်နေပုံရတယ်။

"သွားတွေ့စရာမလိုပါဘူး ရန်းယွမ်ကောအခုလေးတင်မှ သတိရလာဆိုတော့ သူအနားယူဖို့လိုသေးတယ်။ ဘာမှအရေးမကြီးတဲ့သူတွေက သူ့ကိုသွားတွေ့စရာမလိုဘူး" ဆိုပြီး သခင်မကြီးရန်းက စိတ်ဝင်စားမှု တစက်မှမရှိတဲ့ပုံနဲ့ ပြောချလိုက်တော့တယ်။

အဲ့လိုပြောပြီးတဲ့အခါမှာတော့ သခင်မကြီးရန်းက တံခါးကိုလှမ်းကြည့်လိုက်တယ်။ သူတို့ကိုထွက်သွားဖို့ဘာမှမပြောခဲ့ပေမယ့် သူမရဲ့အမူအရာက ဒီမှာဆက်မနေခိုင်းချင်တာ အသိသာကြီးဖြစ်ဖြစ်နေပြီ။

လီမိန်ဟွာကပြုံးပြီး ကိစ္စတွေကိုအဆင်ပြေအောင် ကြိုးစားနေပေမယ့် ဘာမှပြန်မပြောရဲတာကြောင့် သူမလူတွေကို ထွက်သွားလိုက်တော့တယ်။ မထွက်သွားခင်မှာ လီမိန်ဟွာဟာ သူမတို့နောက်က အမဲရောင်ဝတ်စုံဝတ်ထားတဲ့ လူတွေကို သူမလှမ်းကြည့်လိုက်တယ် အဲ့လူတွေ သူမတို့ကို တိုက်ခိုက်မှာကို စိုးရိမ်နေခဲ့တာ။ နောက်ပြီးတော့ ရန်းမိသားစုတို့က သူတို့လိုချင်တာကိုမဖြစ်ဖြစ်အောင် လွယ်လွယ်နဲ့လုပ်တတ်တယ်လေ

လီမိန်ဟွာတို့တစ်မိသားစုလုံးဟာ ထိတ်လန့်ပြီး ကြောက်လန့်သွားခဲ့တယ် အဲ့လူတွေ သူတို့နောက်ကိုမလိုက်တော့ဘူးဆိုတော့မှာပဲဖြောင့်ဖြောင့် ထွက်သွားရဲကြတယ်။

ကြည့်ရတာ ရန်းမိသားစုက သူတို့ကိုလောလောဆယ်တော့ဘာမှမလုပ်သေးတဲ့ပုံစံပဲ။ အဲ့လိုမှပဲ လီမိန်ဟွာတို့မိသားစုဟာ စိတ်သက်သာစွာနဲ့သက်ပြင်းချပြီး အဲ့အိမ်ကနေပေါ့ပေါ့ပါးပါးနဲ့ ထွက်သွားရဲခဲ့ကြတယ်

သူတို့ထွက်သွားပြီးတဲ့အခါမှတော့ သခင်မကြီးရန်းဟာ လုအန်းအန်းကို သူမရဲ့ပုံမှန်ကြင်နာတတ်တဲ့ ပုံစံနဲ့ကြည့်လိုက်ပြီး သူမရဲ့မျက်လုံးထဲမှာ ကြင်နာမှုတွေနဲ့ပြည့်နေခဲ့တယ်။

Mafia's အငိုလွယ်သောဇနီးကလေး(18+MM Tran)Where stories live. Discover now