Ch-17

5.5K 131 23
                                    

Unicode
....
Mafia's အငိုလွယ်သော ဇနီးကလေး
အပိုင်း(၁၇): မင်းကိုယ့်ကိုနမ်းချင်လား?
......

ရန်းယွမ်ကောဟာ လုအန်းအန်းမျက်လုံးတွေနဲ့အကြည့်ချင်းဆုံသွားတော့ ရုတ်တရက်ကြီးရှက်လာတာကို သူခံစားမိလိုက်တယ်။

ဖောခ့်... သူ့ကိုယ်သူအမြဲတမ်း ‌ဆိုးသွမ်းတဲ့သူလို့ထင်ထားတာ နှစ်ပေါင်းများစွာ မာဖီးယားဂိုဏ်းကိုတာဝန်ယူလာခဲ့ရတာဆိုတော့ အကျင့်ပျက်စေတဲ့အရာ‌တွေအများကြီးမှာ ပါဝင်ခဲ့ရတာဆိုတော့ ဒီလိုဖြူစင်အပြစ်ကင်းတဲ့မျက်လုံးကို ပထမဆုံးတွေ့ဖူးတာဖြစ်ပြီး သူ့ကိုလည်း နဲနဲစိတ်လှုပ်ရှားအောင်လုပ်ခဲ့တယ်။

စာချုပ်မှာလက်မှတ်ထိုးပြီးတဲ့အခါမှာတော့ လုအန်းအန်းဟာ သူမလက်ထဲကဖိုင်ကိုပိတ်လိုက်ပြီး ညှင်သာတဲ့အပြုံးနဲ့ "ကျေးဇူးတင်ပါတယ် သခင်ကြီးရန်း"

သူမဟာရန်းယွမ်ကောဆီကို စာချုပ်ပြန်ပေးလိုက်ပြီး လုအန်းအန်းရဲ့ပြုံးခဲ့တဲ့ပုံစံလေးဟာ သူမမျက်နှာထင်ကျန်နေခဲ့သေးတယ်။ အဲ့အချိန်မှာ ရန်းယွမ်ကောက သူ့အရှေ့ရှိတဲ့မိန်းကလေးဟာ သူ့ထက်တကယ်ငယ်ပြီး ကလေးဆန်တဲ့အရိပ်အယောင်ရှိနေတာကို သိလိုက်ရတယ်

စာချုပ်ကအဆင်ပြေသွားတာကြောင့် ရန်းယွမ်ကောဟာ သူ့အရှေ့မှာရှိနေတဲ့ မိန်းမပျိုလေးက သူ့မိန်းမဆိုတာကို လက်ခံခဲ့လိုက်တယ်။ သူမကိုခိုင်းရတာတွေကလည်း အရင်ကထက်ပိုပြီးတော့တောင် ယုံကြည်လာခဲ့တယ်

"မိန်းမရေ ကိုယ်ဗိုက်ဆာနေပြီ
ကိုယ်စားဖို့တစ်ခုခုမြန်မြန်လုပ်ပေးပါအုံး!"

လုအန်းအန်းလည်း မိန်းမတစ်ယောက်အနေနဲ့ သူမတာဝန်တွေကို လုပ်ဆောင်ရုံကလွဲပြီး ဘာမှရွေးချယ်ပိုင်ခွင့်မရှိခဲ့ဘူး။ အဲ့လိုနဲ့ အစေခံတွေကို ဆန်ပြုတ်ယူခဲ့ဖို့ မှာလိုက်တယ် အခုချိန်မှာ ရန်းယွမ်ကောဟာ တခြားအရသာရှိတာတွေဘာမှစားလို့မရသေးတာကြောင့် သူ့အရှေ့ကဆန်ပြုတ်ကိုတွေ့လိုက်တော့ သူ့မျက်နှာဟာ စိတ်ပျက်သွားခဲ့တယ်။

လေးလေးနက်နက်ဖြစ်နေတဲ့ လုအန်းအန်းကို သူတစ်ချက်ကြည့်လိုက်ပြီး သူ့စိတ်ထဲကနေ အတွေးတစ်ခုရခဲ့တယ်။

Hai finito le parti pubblicate.

⏰ Ultimo aggiornamento: Feb 20 ⏰

Aggiungi questa storia alla tua Biblioteca per ricevere una notifica quando verrà pubblicata la prossima parte!

Mafia's အငိုလွယ်သောဇနီးကလေး(18+MM Tran)Dove le storie prendono vita. Scoprilo ora