Ch-2

13.5K 220 2
                                    

Unicode
...
Mafia's အငိုလွယ်သော ဇနီးကလေး
အပိုင်း(၂): ခြိမ်းခြောက်ခြင်း
....

"ဒေါ်လာနှစ်သိန်းလောက်နဲ့ဆို ညည်းအမေရဲ့ခွဲစိတ်ကုစဖို့စရိတ်ကလောက်မှာပါ သိပ်ပြီးလည်းဒေါသမထွက်နေနဲ့ဦး.. နောက်ပြီးတော့ ငါ့ယောက်ျားရဲ့အကူအညီကြောင့်သာမဟုတ်ရင် ညည်းလည်းဒီလိုမျိုး ရန်းမိသားစုဝင်တစ်ယောက်နဲ့လက်ထပ်ဖို့ အခွင့်အရေးရှိလာမှာမဟုတ်ဘူး အဲ့တာကြောင့် ငါ့သမီးနဲ့ရုပ်ချင်းဆင်နေတာကို ညည်းဝမ်းသာသင့်တယ်!

ဒီလိုအခွင့်အရေးမျိုးကို တန်ဖိုးထားစမ်းပါအေ!  အဲ့လိုတန်ဖိုးမထားဘူးဆိုရင် ညည်းလုပ်နေတဲ့ကိုယ်ပိုင်အလုပ်လေးနဲ့ ညည်းမိသားစုမှာရှိတဲ့ လယ်ဧကနည်းနည်းလေးနဲ့ အပေါ်ကိုဆက်ပြီးမှီခိုနေအုံးမယ်ဆိုရင် ညည်းသေသွားရင်တောင် အဲ့လောက်အများကြီး ရမှာမဟုတ်ဘူး" ဆိုပြီးပြောလိုက်တယ်

လုအန်းအန်း ဒီကိစ္စကိုသဘောမတူတဲ့ပုံစံကို လီမိန်ဟွာတွေ့လိုက်တဲ့အခါမှာ သူမရဲ့အချိုးဟာပြောင်းလဲသွားခဲ့တယ်။
"ငါညည်းနဲ့ဒီအကြောင်းကို ဆွေးနွေးနေတယ်ဆိုတာက ညည်းက‌ဉာဏ်ကောင်းမယ်ထင်လို့ပြောနေရတာ ငါ့ကိုဒေါသထွက်အောင်လာမလုပ်နဲ့ ကြားလား"

သူမရဲ့အရှေ့မှာရှိနေတဲ့အမျိုးသမီးက ကြင်နာတတ်တဲ့သူမရဲ့အဒေါ်ရောဟုတ်ရဲ့လား? သူမဘာလို့ အများပြောင်းလဲသွားရတာလဲ? အဲ့တာနဲ့ လုအန်းအန်းလေးစိတ်ထဲ ကြေကွဲသွားခဲ့ရတယ်

သူမအဒေါ်ရဲ့မိသားစုကို အကြွေးတွေပြန်ဆပ်ရမယ်ဆိုရင်တောင် သူမဒီလိုနည်းနဲ့ ပြန်ဆပ်မှာမဟုတ်တာတော့ အသေအချာပဲ။ ပြီးတော့ဒီနည်းလမ်းကလည်း သူမရဲ့အစ်မဝမ်းကွဲအတွက် မကောင်းဘူးဆိုတာကို သူမသိနေခဲ့တယ်။

အဲ့လူက အရှေ့ပိုင်းမှာအရမ်းအာဏာပါဝါရှိတဲ့ မာဖီးယားမိသားစုရဲ့သားလို့ သူမအဒေါ်ပြောခဲ့တယ်မှတ်လား? တကယ်လို့သူတို့ လှည့်စားထားတယ်ဆိုတာကို အဲ့လူသိသွားရင် အဲ့လူဒေါသထွက်သွားမယ်လို့ ထင်‌တယ်မှတ်လား?

ဒါပေမယ့် လီမိန်ဟွာကတော့ ဒီလိုမျိုးမတွေးခဲ့ဘူးပေါ့ မင်္ဂလာမဆောင်ခင် ဂုအန်းနင်က ထွက်ပြေးသွားပေမယ့် မင်္ဂလာပွဲကဖျက်သိမ်းဖို့ အဆင်မ‌ပြေတာကြောင့် မင်္ဂလာပွဲဆက်ကျင်းပနိုင်ဖို့အတွက်နဲ့ လုအန်းအန်းကိုသတို့သမီးနေရာမှာ အစားထိုးဖို့ လုပ်နေတာပေါ့။

Mafia's အငိုလွယ်သောဇနီးကလေး(18+MM Tran)Hikayelerin yaşadığı yer. Şimdi keşfedin