Ch-4

10.5K 185 2
                                    

Unicode
...
Mafia's အငိုလွယ်သော ဇနီးကလေး
အပိုင်း(၄): လှလှပပအိပ်နေတဲ့သူလေး
....

သူမအဲ့လိုပြောပြီးတဲ့အခါမှာ လီမိန်ဟွာက အခန်းထောင့်ဘေးနားကနေထွက်လာခကာ သူမမျက်ခုံးတစ်ဖက်ကို မြှောက်လိုက်ပြီး

"အဲ့တာက ညည်းဆုံးဖြတ်ရမယ့် ကိစ္စမဟုတ်ဘူး" ဆိုပြီးကဲ့ရဲ့လိုက်တယ်။ ပြီးတော့ တံခါးနားမှာရပ်စောင့်နေတဲ့ အစောင့်တွေကိုခေါ်ပြီး "မိန်းက‌လေးလု အနားယူဖို့အတွက် သူမကိုအပေါ်ခေါ်သွားလိုက်တော့ မင်းတို့သူမကို သေချာစောင့်ကြည့်နေရမယ်နော်" ဆိုပြီးပြောလိုက်တယ်

အစောင့်နှစ်ယောက်ကလည်း ခေါင်းညိတ်လိုက်ကာ လုအန်းအန်းကိုလက်မောင်းကနေဆွဲပြီး ဒုတိယအထပ်မှာရှိတဲ့ အိပ်ခန်းထဲကိုခေါ်သွားလိုက်တယ်။ ပြီးတော့တံခါးကိုလော့ချပြီး သူမထွက်ပြေးထွက်ပြေးလို့မရအောင် စောင့်ကြပ်နေခဲ့တယ်။ ခုအချိန်လုအန်းအန်းမှာ အတောင်ပျံပါနေရင်တောင် အစောင့်တွေရဲ့ကြီးကြပ်မှုကြောင့် ထွက်ပြေးလို့တောင် ရမှာမဟုတ်ဘူးပေါ့

အောက်ထပ်မှာတော့ လီမိန်ဟွာကသူမသမီးကို
"သူ့ကိုဖိအားပေးပြီး ဒီကိုမနည်းရအောင် ခေါ်လာရတာနော် ‌ဒီကြားထဲမှာဘာလို့သူ့ကိုရန်သွားစနေရတာလဲ သမီးရယ်?" ဆိုပြီး စိတ်ညစ်စွာပြောလိုက်တယ်

"သူသမီးကို အရင်လာရန်စတာလေအမေ!" ဆိုပြီး ဂုအန်းနင်က အပြစ်ကင်းတဲ့ပုံစံလေးနဲ့ ပြောလိုက်တယ်။ ပြီးတော့သမီးပြောတာလည်းမမှားဘူးလေ သူကနောက်ခံဘာမှမရှိတဲ့ မိန်းမတစ်ယောက်လေ အခုသူက ရန်းမိသားစုကလူနဲ့ လက်ထပ်ရတော့မှာဆိုတော့ ဒီလောက်အရမ်းကောင်းတဲ့ အခွင့်အရေးကြီးကို သမီးတို့သူ့ကိုပေးတာကို သူကျေးဇူးတင်ရမှာပဲလေ မဟုတ်ဘူးလား အမေ? နောက်ပြီးတော့ သူကရန်းယွမ်ကောရဲ့ ဇနီးဖြစ်လာတော့မှာဆိုတော့ အဲ့လူသေသွားခဲ့ရင် ပိုက်ဆံတချို့ကိုလည်း သူရအုံးမှာမှတ်လား?

လီမိန်ဟွာက အကူအညီမဲ့စွာနဲ့ ခေါင်းခါလိုက်ပြီး

"အမေသမီးကိုစိတ်ဆိုးလို့လည်းမရသလို သင်ခန်းစာပေးလို့လည်းမရဘူး အမေဘာပြဿနာမှ ထပ်ပြီးမလိုချင်တော့လို့ သူ့ကိုပဲရန်းမိသားစုကလူနဲ့ မြန်မြန်လက်ထပ်ပေးရတော့မှာ နောက်ပြီး ရန်းမိသားစုက အရှေ့ပိုင်းမှာအာဏာအကြီးဆုံးမာဖီးယားမိသားစုဆိုတော့ အဲ့အရှုပ်ထုပ်အ‌ခြေမကျသ၍ အမေစိတ်အေးချမ်းမှာမဟုတ်ဘူး။ အဲ့တာကြောင့် ဒီနှစ်ရက်အတောအတွင်းတော့ သမီး ငြိမ်ငြိမ်လေးနဲ့သူ့ကိုရန်မစပါနဲ့နော်" ဆိုပြီး စိုးရိမ်စွာနဲ့ပြောလိုက်တယ်။ဂုအန်းနင်က ပခုံးရှုံ့လိုက်ပြီး သဘောတူတဲ့ပုံစံကိုပြလိုက်တယ်။

Mafia's အငိုလွယ်သောဇနီးကလေး(18+MM Tran)Where stories live. Discover now