Ch-8

8.2K 193 14
                                    

Characterတွေအား ထိခိုက်စေမည့်ဆိုးဝါးသော
cmmများမမန့်ပါနဲ့ မဖတ်လိုပါကကျော်သွားပေးပါသဲသဲတို့။
....

Mafia's အငိုလွယ်သော ဇနီးကလေး
အပိုင်း(၈): သူ့ရဲ့ခန္ဓာကိုယ်ကိုသန့်ရှင်းပေးခြင်း
....

သူကတော့ လုအန်းအန်းပြောတာကိုပြန်မဖြေခဲ့ဘူး။ ရန်းယွမ်ကောရဲ့အသက်ရှုသံတွေဟာ ‌ဖြေးဖြေးလေးနဲ့ ငြိမ်သက်စွာဖြစ်နေတာကြောင့် သူမစိတ်သက်သာစွာနဲ့ သက်ပြင်းချခဲ့လိုက်မိတယ်။ သူမဟာ တောက်ပတဲ့လရောင်ရဲ့အောက်မှာဘဲ အရမ်းနှိပ်စက်ပြီး အန္တရာယ်ရှိတယ်ဆိုတဲ့ မာဖီးယားမိသားစုရဲ့ခေါင်းဆောင်ဆိုတဲ့သူကို သူမလေ့လာနေခဲ့တယ်

အဲ့လူကိုကြည့်ရတာ တော်တော်ခန့်ညားမယ်ထင်တယ် အတင်းအဖျင်းတွေပြောနေကြတာကို ဘေးချိတ်ထားလိုက်ရင် ရန်းယွမ်ကောမျက်နှာလေးကအရမ်းချောပြီး သူမချစ်ကြိုက်မိမယ့်ပုံစံမျိုးလေးပေါ့။

သူမအဲ့လိုတွေးနေရင်းနဲ့ပဲ တဖြည်းဖြည်းနဲ့ရှေ့တိုးလာပြီး အဲ့လူရဲ့မျက်နှာသွင်ပြင်ကို သေသေချာချာလေး ကြည့်နေခဲ့တယ်။

"ရှင့်ကိုကြည့်ရတာ သာမန်ပုံစံမျိုးလေးပါပဲ ဘာလို့အဲ့လိုရက်စက်တတ်တဲ့အကျင့် ရှိနေရတာလဲ?" ဆိုပြီး ခပ်တိုးတိုးပြောလိုက်တယ်။

အဲ့လိုနဲ့ သူမရှေ့မှာရှိနေတဲ့လူဟာ မျက်တောင်ခတ်လိုက်တာကို သူမမြင်လိုက်ရတယ်

အိုး မဟုတ်သေးပါဘူး! သူတကယ်ပဲသတိပြန်ရလာတာလား? လုအန်းအန်းဟာ စိုးရိမ်စွာနဲ့ ရန်းယွမ်ကောရဲ့ပခုံးကို သူမရဲ့လက်ချောင်းနဲ့တို့လိုက်ပြီး

"ကျွန်မ ရှင့်အပေါ်ကိုတမင်အခွင့်အရေးယူတာ မဟုတ်ပါဘူးနော် ရှင့်ရဲ့သားကကျွန်မကိုနမ်းခိုင်းလို့ နမ်းလိုက်ရတာပါ" ဆိုပြီးရှင်းပြလိုက်ပေမယ့်လည်း ရန်းယွမ်ကောကတော့ ဘာမှပြန်မပြောခဲ့ဘူး

ဟဲ့! သူကသတိပြန်ရနေတာလား မရသေးတာလား?

လုအန်းအန်းဟာ ပင်ပန်းနေတာကြောင့် သူ့ကိုတစ်ချက်ကြည့်လိုက်ပြီး သူမမိတ်ကပ်လိမ်းထားတုန်းဆိုတာကို သတိရသွားခဲ့တယ် အဲ့တာနဲ့သူမဟာ တံခါးကိုမြန်မြန်ပိတ်ပြီး မင်္ဂလာဝတ်စုံကိုချွတ်လိုက်ကာ သူမမျက်နှာကိုဆေးပြီး မိတ်ကပ်ဖျက်နေခဲ့တယ် မိတ်ကပ်ဖျက်ပြီးတဲ့အခါမှာတော့ ရန်းယွမ်ကောရဲ့ခန္ဓာကိုယ်ကို သန့်ရှင်းပေးဖို့နဲ့အိပ်ဖို့ကို သူမပြင်ဆင်နေခဲ့တယ်

Mafia's အငိုလွယ်သောဇနီးကလေး(18+MM Tran)Where stories live. Discover now