Ch-5

10.3K 185 3
                                    

Unicode
...
Mafia's အငိုလွယ်သော ဇနီးကလေး
အပိုင်း(၅): အနမ်းတစ်ပွင့်
....

"သခင်ကြီးရဲ့ခန္ဓာကိုယ်ကို ရေစိုအဝတ်နဲ့နေ့တိုင်းတိုက်ပေးရမယ်" ဆိုပြီးသူနာပြုက လုအန်းအန်းကို သေသေချာချာ ရှင်းပြပေးခဲ့တယ်

"အဲ့လိုတိုက်ပြီးသွားပြီဆိုရင် သခင်ကြီးရဲ့ကြွက်သားတွေကို နှိပ်နယ်ပေးရမယ် အဲ့လိုနှိပ်ပေးမှ သခင်ကြီးရဲ့ကြွက်သားတွေမပျော့သွားမှာ နေ့တိုင်းမနက်ရှစ်နာရီရောက်ရင် လိုက်ကာကိုဖွင့်ထားပြီး ရှစ်နာရီကြာတဲ့အထိ လေဝင်လေထွက်ကောင်းပြီး အလင်းရောင်ရအောင်လုပ်ပေးရမယ်။

အခန်းထဲမှာရှိတဲ့ပစ္စည်းတွေကိုလည်း သေသေချာချာပိုးသတ်ပေးရလိမ့်မယ် နောက်ပြီးတော့ အစာကျွေးတဲ့နှာပြွန်ချောင်းကို တစ်နေ့သုံးကြိမ်လည်းလဲပေးရမယ်။ အဲ့တာဘယ်လိုလုပ်ရမလဲဆိုတာကို ကျွန်တော်ပြီးရင်ပြပေးမယ်" လို့ပြောပြီး သူနာပြုဟာသူ့ရဲ့လေသံက အနည်းငယ်ရင့်သီးသလို ခံစားမိသွားတာကြောင့် ခဏလောက်‌ရပ်လိုက်ပြီး "သခင်မရန်း" လို့ထည့်ခေါ်လိုက်တယ်

သူပြောသမျှတွေကို လိုက်နားထောင်နေရတာကြောင့် လုအန်းအန်း တော်တော်ခေါင်းကိုက်သွားရှာတယ်။ နောက်ပြီးတော့တစ်ဖက်မှာလည်း သူမကမင်္ဂလာဝတ်စုံကြီးကိုဝတ်ထားတုန်း... ခေါင်းပေါ်က ကလစ်တွေဖြုတ်ဖို့ကလည်း တော်တော်ခက်ခဲနေတယ်။

သူနာပြုကသူမကို သေချာစိုက်ကြည့်နေတာကို သူမတွေ့သွားတဲ့အခါမှာတော့ သူမဆံပင်တွေနဲ့ဆော့နေတာကိုရပ်လိုက်ပြီး သူနာပြုကိုသေချာပြန်ကြည့်လိုက်ကာ

"ကျွန်မနားထောင်နေပါတယ် အစာကျွေးတဲ့နှာပြွန်ချောင်းရယ် ပြီးတော့ဘာတွေလုပ်ဖို့ကျန်သေးလဲ?

သူနာပြုက ကျန်တာတွေကို ဆက်ရှင်းပြတော့မယ့်အချိန်မှာပဲ လုအန်းအန်းဟာ တစ်စုံတယောက်ရဲ့ ပြေးလာတဲ့ခြေသံတွေကိုကြားလိုက်ပြီး တစ်ယောက်ယောက်ကလည်း အသံတိုးတိုးလေးနဲ့စိုးရိမ်စွာဖြင့်

"ရင်းလန် သားလေးမပြေးနဲ့လေ!
သခင်ကြီးရန်းရဲ့အခန်းထဲကို သားလေးဝင်လို့မရဘူးလေ!"

Mafia's အငိုလွယ်သောဇနီးကလေး(18+MM Tran)Where stories live. Discover now