Ch-12

14.5K 279 27
                                    

Unicode
...

18+warning!!!!
....
Mafia's အငိုလွယ်သော ဇနီးကလေး
အပိုင်း(၁၂): မင်းရဲ့လက်လေးတွေနဲ့ကိုယ့်ကိုကူညီပေးပါ
......

အဲ့စကားကို လုအန်းအန်းကြားလိုက်တဲ့အခါမှာတော့ သူမရဲ့မျက်နှာဟာနီရဲသွားပြီး လေ‌နွေးနွေးလေးတွေဟာလည်း သူမရဲ့လည်ပင်းနားထိတောင်ပြန့်သွားခဲ့ကြောင့် သူမရဲ့ဖြူဖွေးနေတဲ့လည်ပင်းဟာ သိသိသာသာကို နီသွားခဲ့တယ်

"ကျွန်မ မမြူဆွယ်ရပါဘူးနော်! လာပြီးစွပ်စွဲမနေနဲ့ တကယ်လို့ရှင်ပြီးပြီဆိုရင်လည်း ... အခန်းထဲသွားကြမယ်!"

လုအန်းအန်းရှက်နေတာကိုမြင်လိုက်ရတော့ ရန်းယွမ်ကောလည်း သူမကိုထပ်ပြီးခက်ခဲအောင် မလုပ်နေတော့ဘူး။သူဟာလုအန်းအန်းကို သနားညှာတာလိုက်ပြီး သူ့ကိုခေါ်သွားဖို့ပြောလိုက်တယ်။

နောက်ဆုံးတော့လုအန်းအန်းဟာ သက်ပြင်းအကြီးကြီးချလိုက်တယ် ရန်းယွမ်ကောကိုအိပ်ရာထဲလှဲဖို့အတွက် ကူညီနိုင်ခဲ့ပြီ။ အိပ်ရာဘေးကဆိုဖာပေါ်မှာ သူမအိပ်ဖို့အတွက် စောင်ကိုလိုက်ရှာနေတယ်။ ဘာဖြစ်လို့လဲဆိုတော့ လုအန်းအန်းကသူ့ကို ထပ်မထိချင်ဘူး တူတူလဲမအိပ်ချင်ဘူး!!

လုအန်းအန်းတစ်ယောက်ထဲ အိပ်ဖို့လုပ်နေတာကို ရန်းယွမ်ကောတွေ့သွားတော့ နဂိုထဲ မျက်နှာသေနဲ့ သူ့ရဲ့ခန့်ညားတဲ့မျက်နှာဟာ ပိုပိုအေးစက်လာတယ်။

"ဒီကိုလာပြီး ကိုယ်နဲ့လာအိပ်လေ"

လုအန်းအန်းဟာ သူ့စကားကိုမနာခံဘဲလာ်း မနေရဲဘူးရယ်

သူမဟာ အိပ်ရာထဲမလှဲခင် စောင်ရဲ့‌ထောင့်ကိုလှန်လိုက်ပြီး ခဏလောက်တွေဝေနေခဲ့တယ်။ အိပ်ရာလူ‌နှစ်ယောက်အိပ်ဖို့လောက်ကိုကျယ်တာကြောင့် သူတို့နှစ်ယောက်ကြားမှာ နေရာအများကြီးဟနေလိမ့်မယ် ဟားဟား

အခန်းထဲကမီးတွေကလည်း မှိန်မှိန်လေးဖြစ်နေတော့ လုအန်းအန်းမှာသူမခေါင်းပေါ်က မျက်နှာကျက်ကို စိတ်ရှုပ်ထွေးစွာနဲ့ကြည့်နေပြီး "သခင်ကြီးရန်း ကျွန်မရှင်နဲ့ကွာချင်တယ်" ဆိုပြီးပြောချလိုက်ရင်း ခဏလောက်တုံ့ဆိုင်းသွားခဲ့တယ်

Mafia's အငိုလွယ်သောဇနီးကလေး(18+MM Tran)Unde poveștirile trăiesc. Descoperă acum