Ch-11🚨🚨

25.4K 240 13
                                    

Unicode
...
18+အရေးသားများပါဝင်ပါသောကြောင့်warning!
...
Characterအား ထိခိုက်စေမည့် ဆိုးဆိုးရွားရွားစကားလုံးများဖြင့် မမန့်ပါနဲ့လို့ မေတ္တာရပ်ခံပါရစေ
...

Mafia's အငိုလွယ်သော ဇနီးကလေး
အပိုင်း(၁၁): မင်းကိုယ့်ကိုလာမြူစွယ်နေတာလား?
....

ရန်းမိသားစုဝင်တွေကအရမ်းများ‌လွန်းတာဘဲ။ အဲ့တာကြောင့်မာဖီးယားမိသားစုလို့ခေါ်ကြတာကိုး.. သူမအခုချိန်မှာဘာကိုမှ ဖွင့်ပြောရဲတဲ့သတ္တိမရှိတာကြောင့် စိတ်ငြိမ်အောင်အရင်လုပ်ပြီး ထွက်ပြေးဖို့အချိန်ကောင်းကို စောင့်ဖို့ဘဲရှိတယ်။

ပြီးတော့အခုချိန်မှာ သူမကိုအိပ်ရာထဲကနေစိုက်ကြည့်နေတဲ့ သူမယောက်ျားရန်းယွမ်ကောနဲ့ အရင်ဆုံးပြဿနာရှင်းရအုံးမယ်။ သူ့အကြည့်တွေက ဝါးစားပစ်ချင်တဲ့ပုံစံကြီး ဖြစ်နေတာကြောင့် သူမကြောက်စိတ်တွေဝင်လာပြီး ငိုချင်သလိုတောင်ဖြစ်နေပြီ!! အဲ့လောက်ဘဲကြည့်လို့မရဘူးလား!!!!

ခုလောလောဆယ်ပြဿနာက သပ်သပ်ရှိသေးတယ်။ ရန်းယွမ်ကောက သုံးနှစ်လောက်သတိမေ့ထားတာဆိုတော့ သူ့ရဲ့ခန္ဓာကိုယ်ပြန်ပြီး ပုံမှန်လည်ပတ်ဖို့အတွက် အချိန်ယူရအုံးမှာ.. ဒီတော့ ဒီအချိန်အတွင်းမှာ သူ့ကိုယ်သူဂရုမစိုက်နိုင်သေးတာကြောင့် လုအန်းအန်းရဲ့အကူအညီကိုလိုအပ်နေတယ် အစစအရာရာမှာ။

မှတ်စရာကသိပ်မများတော့ လုအန်းအန်းတစ်ခုချင်းဆီကို အလွတ်မှတ်ထားလိုက်တယ်ယ သူမကိုရှက်စေတဲ့တစ်ခုထဲသောအရာက ရန်းယွမ်ကောရဲ့ဟိုအရာဘဲ။ တကယ်လို့သူရေချိုးတာပဲဖြစ်ဖြစ် အိမ်သာသွားတာပဲဖြစ်ဖြစ် သူမကလိုက်ပြီးကူညီပေးနေရမှာလေ( Tn-ဟိုအရာက ဟိုအရာပါဘဲ)

သူမကိုပိုပြီးစိုးရိမ်စေတာက သူမအပေါ်မှာထားတဲ့ရန်းယွမ်ကောရဲ့အဖွားအကျင့်ကိုပေါ့။ သူ့ရဲ့အဖွားကအမြဲကြင်ကြင်နာနာနဲ့ သူမကိုလည်းစကားတွေအများကြီးပြောနေတာကိုကြည့်ရတာတော့ မဒမ်ရန်းကသူ့မြေးချွေးမကို တော်တော်သဘောကျနေတယ်ဆိုတာဘဲ။ သူမကလုအန်းအန်းအပေါ်ကောင်းကောင်းဆက်ဆံပေးလေ လုအန်းအန်းကိုလွယ်လွယ်နဲ့အလွတ်မပေးနိုင်တဲ့ပုံစံက ထပ်တူကျလေပါဘဲ။

Mafia's အငိုလွယ်သောဇနီးကလေး(18+MM Tran)Where stories live. Discover now