Intro ♡

447 9 0
                                    


" နင့်ကိုနင် မုန်းတဲ့အချိန်တွေမှာတောင် ငါက နင့်ကိုပဲချစ်ခဲ့တာ "

Kang Dabin

"ငါ...လူတစ်ယောက်ကိုဘယ်လိုချစ်ရမလဲဆိုတာမသိဘူး... "

Cha JaeHoon

- You Loved me first -

Cha Jae Hoon ဆိုတဲ့ကောင်လေး က ချမ်းသာတဲ့ လုပ်ငန်းရှင်တစ်ဦးရဲ့ သားတစ်ယောက်ဖြစ်ပြီး မိခင်ဖြစ်သူကတော့ ကလေးဘဝတည်းကဆုံးပါးသွားခဲ့ပါတယ်... ဒုတိယဇနီးမယားမှရတဲ့ကလေးဖြစ်တာကြောင့် အဖေဖြစ်သူရဲ့ဇနီးကြီးအပေါ် မလွန်ဆန်နိုင်မှုတွေနဲ့အတူ Chaမိသားစုမှာ သိမ်ငယ်စွာကြီးပြင်းခဲ့ရသူတစ်ဦးပါ

Kang Dabin ဆိုတဲ့ကောင်မလေးကတော့ သွက်လက် ပွင့်လင်းပြီး ကျောင်းစာသင်နှစ်တွေကို ပေါ့ပေါ့ပါးပါးဖြတ်သန်းနေသူတစ်ဦးပေါ့ အထက်တန်းပထမနှစ်မှာ JaeHoon ကိုမြင်မြင်ချင်း သဘောကျမိရာက သူမဘဝမှာ အရေးကြီးတဲ့အရာတစ်ခု စတင်ဝင်ရောက် လာပါတော့တယ်

ကိုယ်နဲ့ပင်ကိုယ်စရိုက်ကွာခြားလွန်းသည့်
အေးတိအေးစက် တသီးတခြားနေတတ်တဲ့ ကောင်လေး က သူမရဲ့ အချစ်ဦးဖြစ်ပြီးတဲ့နောက် ...

Dabinရဲ့ ခံစားချက်တွေ JaeHoon ပေါ် ဘယ်လိုသက်ရောက်မှုရှိမလဲဆိုတာ ဆက်လက်ဖတ်ရှုပေးပါဦးနော် ❣

[all characters in this fiction are just my imagination.]

• image from @ Pinterest

You loved Me first Where stories live. Discover now