Part 11 - Fireworks

96 3 2
                                    


လမ်းကြားထဲ Dabin နဲ့ Duseok စကားပြောနေတုန်း ကျန်တဲ့ သူငယ်ချင်း 3ယောက် လမ်းထိပ် မှာ စောင့်ကျန်ခဲ့သည်

Dabin ကနောက်ကျောပေးရပ်နေတာဖြစ်ပြီး Duseok ကိုတော့ မျက်နှာချင်းဆိုင် အနေအထားမလို့ လှမ်းမြင်ရကာ

"wow...ကြည့်ကောင်းလိုက်တာ" -Wonhee

"ဘာ!? ဘာကိုကြည့်ကောင်းတာလဲ ?? "

သူ့ကောင်မလေး ရေရွတ်သံကို DongMin မျက်မှောင်ကုတ်ကာ ပြန်မေးလိုက်ချိန်

" ငါတို့လိုက်သွားကြမလား " -Wonhee

" ဒီကပဲစောင့်ရအောင်.... နင် အဲ့ကောင်နဲ့စကားပြောမှာ မကြိုက်ဘူး " -DongMin

" Kim DongMin ....ရူးနေလို့သဝန်တိုနေတာလား " -Wonhee

သူငယ်ချင်းကနေရည်းစားဖြစ်တော့လဲ ချိုချိုသာသာ ပြောဖို့ကခက်

" အဲ့ဒီခပ်မိုက်မိုက်ကောင်လေးက ငါတို့သူငယ်ချင်း Dabin အတွက်ပဲ " -Wonhee

" ခပ်မိုက်မိုက်တော့ပါစရာမလိုဘူးထင်တယ် "

DongMin စကားအဆုံး Wonhee သူ့ခေါင်းကို ဖက်ခနဲ တစ်ချက်ချလိုက်သည်

" *ouch * ဘာလို့ရိုက်တာလဲ! " -DongMin

" ထပ်အရိုက်မခံချင် သဝန်မကြောင်နဲ့ !! " -Wonhee

အဲ့တော့မှ DongMin လဲ စူပုတ်ပုတ်နဲ့ Dabin တို့ဘက်အာရုံပြန်ရောက်သွားကာ

" ဒါနဲ့ သူတို့နှစ်ယောက်ဘာပြောနေတယ်ထင်လဲ? " -DongMin

" ဖုန်းနံပါတ်တောင်းတာနေမှာပေါ့ " -Wonhee

" လောင်းမလား Dabin ပေးမပေး " -DongMin

" ဒီလိုရပ်ပြောနေပုံထောက် အခြေနေကောင်းတယ်.... ပေးမယ်လို့ထင်တယ် " -Wonhee

" Cha JaeHoon မင်းရော " -DongMin

DongMin အမေးကို တုံ့ပြန်သံမလာလို့ သူတို့နှစ်ယောက်လုံး JaeHoon ဘက်ကြည့်လိုက်သည်

" *yaa* မင်းအသက်ရှိသေးရဲ့လား " -DongMin

ကျောက်ရုပ်ကြီးအတိုင်းရပ်ပြီး စူးရဲရဲအကြည့်တွေက လမ်းကြားထဲကိုဦးတည်နေလို့

" *aigoo* Cha JaeHoon ဂျယ်လီနင်နေတာလား " -Wonhee

Dabin နဲ့ ထိုကောင်လေးအား ဝါးမြိုမတက်ကြည့်နေလို့ Wonhee စလိုက်တုန်းရှိသေး

You loved Me first Where stories live. Discover now