part 5 - Study

77 4 0
                                    


" Kang Dabin ဘာလို့စာလုပ်နေတာလဲ မိုးရွာအောင် "

စာသင်ခန်းထဲ headphone ကိုလည်ပင်းမှာစွတ်ပြီး ဝင်လာတဲ့Dong Min

စာအတည်လုပ်နေတဲ့Dabin ခုံနားရပ်ရင်းပြောလာသည်

"အွန်း မနက်တည်းကထူးထူးဆန်းဆန်း ကြောက်စရာကောင်းအောင် "

သူမခုံအနောက်မှ WonHee လဲ ထောက်ခံစွာ ပြောလာတော့

"ငါစာလုပ်တာမမြင်ဖူးဘူးလား ဟွန်း"

Dabin ဘောဘင်ကိုချရင်းဆိုလိုက်ချိန်

"အွန်း မမြင်ဖူးဘူး"

ချစ်လှစွာသော သူငယ်ချင်းနှစ်ယောက်က သံပြိုင်ထွက်လာသည်

"ဒါဆိုလဲမနှောင့်ယှက်ကြနဲ့ !! "

ထိုချိန် ဆရာပေးလိုက်တဲ့ စာအုပ်တွေသယ်ပြီး အခန်းထဲဝင်လာတဲ့ JaeHoonကိုတွေ့တာနဲ့

DongMin တစ်ယောက် Hoonဆီရောက်သွားပြီး ပခုံးကိုလှမ်းဖက်ကာ

" Hoonလေး ကျောင်းဆင်းရင်  ဂိမ်းဆိုင်သွားရအောင် "

" မနက်ဖြန်မှရမယ်ထင်တယ် "

"ဘာလို့လဲ"

"ဒီနေ့ညနေစာကြည့်တိုက်သွားဖို့ရှိတယ် "

"မဟုတ်မှ  Cha JaeHoon နင်ငါ့သူငယ်ချင်းကိုပါ စာလုပ်ခိုင်းထားတာလား "

အရိပ်အကဲခတ်မြန်တဲ့ Wonhee အခုမှ အခြေအနေကို သတိထားမိသလိုမေးလိုက်သည်

စာစိတ်မဝင်စားတဲ့သူငယ်ချင်းက ဒီရက်ပိုင်း စာကိုသေချာလိုက်လုပ်နေတာ အကြောင်းရင်းက JaeHoon ကလွဲပြီး တခြားရှိမှာမဟုတ်

" JaeHoon na မင်းပဲပင်ပန်းလိမ့်မယ် သူ သင်္ချာဘယ်လောက်ထိညံ့တယ်ထင်လဲ  "

Dong Min ခေါင်းတခါခါနဲ့ အကြောင်းသိသလို  ရေရွတ်ချိန်

"yah Kim Dong min! နင့်အခန်းနင်ပြန်လိုက်တော့ " -Dabin

"မပြန်ပါဘူး ငါက ငါတို့အလှလေးနားလာတာ "

Dong Min ပြောလဲပြော WonHee ဆီလျှောက်သွားပြီး

"ချာကီးရား ဒီနေ့ည ရုပ်ရှင်သွားကြည့်ကြမလား"

" omm! ဒိတ်ကြတာပေါ့ "

You loved Me first Where stories live. Discover now