Part 12 - Necklace

85 4 0
                                    


@CHA Hotel

• ဒါရိုက်တာချုပ် Cha SeJin •

ရုံးခန်းက စားပွဲပေါ် ထည်ဝါစွာရှိနေသည့်
ဖန်သား nameplate ;

Cha Group ရဲ့ အမွေဆက်ဆံသူအဖြစ် စီးပွားရေးလောကမှာ ထင်ကြေးပေးခံနေရသူ
တစ်ဦးဖြစ်ပေမဲ့

တဖက်က CHA corporation တွေကို ဦးစီးဦးဆောင်ပြုနိုင်တဲ့ ညီမဖြစ်သူ Cha SooJin ကလဲခေသူမဟုတ်လို့

မောင်နှမနှစ်ယောက် ထဲက ဘယ်သူက Cha Group ရဲ့ အမွေဆက်ဆံသူဖြစ်မလဲဆိုတာကို မီဒီယာတွေမှလဲ အမြဲစောင့်ကြည့်နေသည်

ထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်တာနဲ့အညီ Cha Group ရဲ့အရှိန်အဝါကကြီးလို့ ဥက္ကဋ္ဌဖြစ်သူ Mr.Cha ရဲ့ စိတ်ကိုရယူနိုင်ဖို့ မောင်နှမနှစ်ယောက် ပြိုင်ဆိုင်နေရတာဆိုလဲမမှား

" Sejin Oppa "

ရုံးခန်းထဲဝင်လာသည့် ညီမဖြစ်သူ အသံကြောင့်

" ဒီနေ့ အစည်းအဝေးမရှိဘူးမလား "

" ကိုယ့်အကိုဟိုတယ်ကို အလုပ်ကိစ္စရှိမှလာရမှာလား "

စားပွဲရှေ့က ဆိုဖာမှာ Soojin ထိုင်ပြီး ပြောလာချိန် Sejin လုပ်လက်စအလုပ်ကိုရပ်လိုက်ကာ

" ဟိုတယ်ရဲ့လုပ်ပိုင်ခွင့်ကို လာညိနှိုင်းတာဆိုရင် အလုပ်မဖြစ်ဘူးဆိုတာသိတယ်မလား "

" ဘာလို့လဲ ဟိုတယ်ကို ညီမလုယူသွားမှာစိုးနေတာလား "

" အချိန်ကုန်မခံဖို့ပြောတာ... "

" ပုံသေမတွက်ထားနဲ့ Oppa အရာရာကပြောင်းလဲနိုင်တယ် "

" *hak* နင်တကယ်လောဘကြီးတာပဲ "

Sejin သူ့ညီမထိုင်နေတဲ့ ဆိုဖာရှေ့ဝင်ထိုင်ရင်း ဆိုလိုက်သည်

" အမွေလုဘက်က ညီမတစ်ယောက်တည်းရှိတာ မဟုတ်ဘူး အပြင်လူတစ်ယောက်လဲရှိတယ်ဆိုတာ မမေ့နဲ့ "

" Cha JaeHoon? အဲ့ဒီကောင်ကို စာရင်းထဲ
ထည့်နေတာလား "

" မထည့်လို့မရဘူး ညီမတို့ရဲ့ရပိုင်ခွင့်ကို နဲနဲမှ ဖဲ့မပေးနိုင်တာမို့ ... ဒီတစ်လ ရှယ်ယာရှင်အစည်းအဝေးရှိတာ သိတယ်မလား "

" အဲ့ဒီတော့? "

" Appa ရဲ့ အစီအစဉ် ကိုမခန့်မှန်းနိုင်ဘူးလေ....သူ့သားအတွက် ဘယ်လိုအကွက် ရွေ့မလဲ မသိနိုင်လို့ ညီမတို့သတိထားဖို့လိုတယ် "

You loved Me first Where stories live. Discover now