Part 16 - Choose

51 1 0
                                    


@SeJin's Office

" Appa သူ့အရှုပ်ထုပ်ကို လာမဲ့နှစ်ထဲ UK ပို့ဖို့ စီစဥ်နေတယ်ပြောတယ်..... Mr.lee သမီးလဲရှိတော့ အဲ့မှာပဲကျောင်းဆက်တက်ခိုင်းမယ်တဲ့ "

ဆိုဖာမှာ ထိုင်ပြီး စားပွဲပေါ်က ကော်ဖီအား တစ်ငုံ ယူသောက်ကာ SooJin ပြောလိုက်ချိန်

" ကိစ္စတွေကအဲ့လောက်မရိုးရှင်းဘူး "

SeJin သူ့ရုံးခန်းကနေ လှမ်းမြင်ရတဲ့
မြို့ရှုခင်းကို အပေါ်စီးမှ ရပ်ငေးရင်း ဆိုလာသည်

" ဘာကိုလဲ Oppa.... အမြန်ပို့လဲနားအေးတယ်မလား... မမြင်ရရင် ပိုတောင်စိတ်ချမ်းသာသေးတယ် "

" Appaက Mr.Lee သမီးနဲ့ သူ့သားကို နေရာချထားပေးချင်နေတာ "

" ဘယ်လို!? Oppa ဘာပြောလိုက်တယ်?? "

" အဲ့ကိစ္စကြောင့် Appaနဲ့ စကားများခဲ့တယ်.... စိတ်ပျက်စရာကောင်းအောင်
သူ့သားကို အမြင့်ကြီး မှန်းထားပုံပဲ ...."

" Cha JaeHoon ရော သိထားလား?"

" ကြည့်ရတာ မသိလောက်သေးဘူး ...
ကိုယ့်အဆင့်ကို မမေ့ဖို့တော့ သတိပေးထားတယ် "

Jaehoon အား စိတ်ရှိလက်ရှိ ထိုးရိုက်နှက်ခဲ့တဲ့ညကို ပြန်တွေးပြီး Sejin ဆိုလိုက်ချိန်

" Appa တကယ်လွန်တယ်... မိသားစုစာရင်းထဲ ထည့်ထားရုံအားမရလို့ မယားငယ်သားကို ဘာလို့များ ဒီလောက်နေရာပေးချင်နေရတာလဲ! Omma သာသိရင် အိပ်ယာထဲ
လဲသွားလိမ့်မယ် "

" အချိန်ရှိပါသေးတယ် ဟာကွက်မရှိအောင် ကိုင်တွယ်ကြတာပေါ့ "

" Oppa မှာ အစီအစဥ်ရှိလို့လား? "

" Appa နဲ့ Mr.Lee က သူငယ်ချင်းတွေဆိုတော့ လွယ်လွယ်တားလို့ရမှာမဟုတ်ဘူး... အရေးကြီးတာ အဲ့ဒီကောင် အထက်တန်းမပြီးခင် သူရမဲ့ပိုင်ဆိုင်မှုတွေ အကုန်လုံး ငါတို့နှစ်ယောက် လက်ဦးဖို့ပဲ "

" ဟုတ်တယ်....သူ ပိုင်ဆိုင်တာမရှိမှ CHA group ကို လောဘမတက်ရဲမှာ *ဟူးး* ဘာမဟုတ်တဲ့ကောင်အတွက်နဲ့ စိတ်ရှုပ်ခံရတာ မတန်လိုက်တာ"

" စိတ်ရှုပ်စရာမလိုဘူး.....အဲ့ဒီကောင်ရဲ့ အားနည်းချက်ကို ကောင်းကောင်း သိထားတာမို့ "

You loved Me first Where stories live. Discover now