Part 14 - Neighbour

78 3 0
                                    


ပထမဆုံးအနမ်း

နှစ်ယောက်လုံးရဲ့ပထမဆုံးအနမ်းကြောင့်

Dabin စိတ်လှုပ်ရှားပြီး တညလုံး မအိပ်နိုင်ဖြစ်ခဲ့ပေမဲ့

JaeHoonကိုကြည့်ရတာတော့ နှစ်ယောက်ကြားဘာကိစ္စမှမရှိခဲ့တဲ့အတိုင်း

ပုံမှန်နေ့တွေလိုပဲ မဟုတ်ဘူး ပုံမှန်ထက်ပိုအလုပ်များသည့်ပုံဖြစ်နေသည်

" JaeHoon na- "

" အားလုံး...အိမ်စာစာအုပ်ထပ်မယ် "

စကားပြောဖို့အချိန်မရှိအောင် သူ့နာမည်ခေါ်တာနဲ့  တစ်တန်းလုံးရဲ့အိမ်စာ စာအုပ်တွေလိုက်ကောက်ပြီး ဆရာ့ရုံးခန်းဆီထွက်သွားသည်

နားချိန်ရောက်တော့လဲ ချက်ချင်း DongMin နဲ့ အားကစားကွင်း သွားလိုက်သလို

ထမင်းစားချိန်မှာလဲ သူမအား တချက်
မကြည့်.... ကျောင်းဆင်းတော့လဲ ပြဇာတ်ခန်းဆီ တန်းသွားသည်

" နင်ဒီနေ့မျက်နှာမကောင်းပါလား
နေမကောင်းဘူးလား "

တော့ပိုကီကားဆိုင်ရှေ့မှာ Wonhee ရပ်စားရင်း သူမဘေးမှာ စားချင်စိတ်မရှိသလိုငိုင်ရပ်နေတဲ့ Dabinအား မေးလိုက်သည်

" Wonhee ya...ငါတစ်ခုမေးစရာရှိတယ် "

" အွန်း မေးလေ "

" ငါ....မနေ့ကရုပ်ရှင်ကားတစ်ကားကြည့်ခဲ့ရတယ် "

" အဲ့တော့.. "

" သိချင်တာ...မင်းသားကမင်းသမီးကို နမ်းပြီး နောက်ရက်ကျ ဘာလို့မသိချင်ယောင်ဆောင်နေရတာလဲ!? နမ်းတုန်းကနမ်းပြီး မတွဲချင်လို့ နောင်တရနေတာလား? ဒါမှမဟုတ် သူ့အတွက် ဘာအဓိပ္ပါယ်မှမရှိတဲ့ အနမ်းသက်သက်လား! အဲ့လိုလုပ်မဲ့သူမဟုတ်တာကို...နားမလည်နိုင်ဘူး- "

Dabin စိတ်ဆိုးသံ အားပါသွားတော့  Wonhee စားလက်စတော့ပိုကီတောင် မြိုမကျရဲဖြစ်သွားသည်

" ဟို....နင်ဘာလို့ဒေါသထွက်နေတာလဲ "

" ဟမ်? "

Wonhee အသံနိမ့်နိမ့်လေးနဲ့ အထူးတဆန်းကြည့်ပြီး မေးလာမှ Dabin သတိပြန်ကပ်ပြီး

" ဒီတိုင်း...မင်းသမီးနေရာကခံပြင်းလို့ပါ "

" အဲ့မင်းသမီးကနင်လား "

You loved Me first Where stories live. Discover now