part 9 - Heartbeat

85 3 0
                                    


စာမေးပွဲနီးလာလေ စာကလွဲပြီး အကုန်စိတ်ဝင်စားဖို့ကောင်းနေတာမျိုး ဖြစ်တတ်တယ်မလား

နဂိုတည်းက စာကို စိတ်မဝင်စားတဲ့ Dabin အတွက်  Study cafeမှာ အချိန်တော်တော်ကြာရှိနေသည်က ထူးဆန်းနေပါပြီ

ဆိုင်ထဲသူ့အစုနဲ့သူ စာလုပ်နေကြပေမဲ့ သူမကတော့ English စာအုပ်ဖွင့်ထားပြီး နံရံက နာရီကိုကြည့်လိုက်.... ပြတင်းပေါက်အပြင်က မှောင်ရီပျိုးနေတဲ့ ပတ်ဝန်းကျင် ကို ငေးလိုက်နဲ့ဖြင့် ....

ကိုယ့်စိတ်နဲ့ကိုယ်သာဆို ဒီနေရာကနေ ခုန်ပေါက်ပြီးပြေးထွက်သွားချင်ပေမဲ့ အနားမှာ ချစ်ရသော ကောင်လေးက ငြိမ်သက်စွာစာလုပ်နေလို့

အနှောင့်အယှက်မဖြစ်အောင် စာအုပ်ဆီခေါင်းပြန်စိုက်လိုက်သည်

paragraph တွေကို မနည်းအာရုံစိုက်ပြီး ကြိုးစားဖတ်ကြည့်ပေမဲ့ နားမလည်တဲ့စာလုံးတွေက ခပ်များများ

< စာပိုဒ်နားမလည်ပဲ မေးခွန်းတို ဘယ်လိုဖြေရမလဲ >

Dabin တွေးရင်း ပင့်သက် တချက်ချမိချိန်

" နားမလည်တာရှိလို့လား "

ဘေးက JaeHoon သတိထားမိပြီးမေးလိုက်သည်

" စာမေးပွဲမှာ ဒါမဖြေလဲအောင်နိုင်ခြေရှိလား"

'Read the passage' စာမျက်နှာကို ခဲတံနဲ့ထောက်ပြပြီး Dabin ပြန်မေးလာချိန်

" ရသလောက်အကုန်ဖြေရမယ် " -JaeHoon

" ရမှမရတာ " -Dabin

" ရှင်းပြပေးမှာမို့ သေချာလိုက်ကြည့်မယ်နော် " -JaeHoon

သိပ်စိတ်မပါပေမဲ့ Dabin ခေါင်းငြိမ့်လိုက်သည်

JaeHoon မှာ စာကြောင်းတစ်ကြောင်းဖတ်ပြီးတိုင်း မေးခွန်းတိုနဲ့ဘယ်လိုဆက်စပ်ပြီးဖြေရမယ်ဆိုတာ စိတ်ရှည်ရှည်နဲ့ရှင်းပြပေးနေသော်လည်း သူမမျက်ခွံတွေက လေးလံလာသည်

" မေးခွန်းမှာဒီထိပြန်ကောက်ပြီး main verb  ကို past tense ပြောင်းရ-- "

စာရှင်းပြနေတဲ့ JaeHoon စကားတွေ တဝက်တပြတ်နဲ့ ရပ်သွားသည် 

အသံတိတ်ပြီး ငြိမ်နေလို့ သူမကို ကြည့်လိုက်ပါတယ်

"တကယ်ပါပဲ..."

You loved Me first Where stories live. Discover now