part 1 - Meet

191 5 0
                                    


ဟုန်ဂီ အထက်တန်းကျောင်း

ကျောင်းတက်Bellသံကြားတာနဲ့ ဘောလုံးကွင်းပြင်ထဲ ဆော့ကစားနေတဲ့ ကျောင်းသားတွေ...

ကျောင်းဝင်းထဲ သွားလာနေတဲ့ ကျောင်းသူတွေ... မိမိအတန်းရှိရာဆီသို့ ကိုယ်စီလျှောက်လှမ်းလာကြသည်...

အထက်တန်းဒုတိယနှစ် တန်းခွဲ 2A ပြတင်းပေါက်နားမှာထိုင်နေသည့် သူ

စားပွဲခုံဘေးချိတ်ထားသည့်လွယ်အိတ်မှ စာအုပ်ထုတ်နေတုန်း

"Yarr... Cha JaeHoon မနေ့ကအိမ်စာ ပေးကူးဦး အမြန် အမြန် "

စာအုပ်ငှားနေကျ အတန်းဖော်ကောင်လေးတစ်ယောက်က လွယ်အိတ်ချပြီးတာနဲ့ အလျင်စလိုပြောလာသည် ထို့နောက် ထုတ်လက်စ လက်ထဲကသင်္ချာစာအုပ်ကို ဆွဲယူသွားပြီး အရှေ့ပြန်လှည့်ကူးနေချိန်

သူ့နောက်မှာထိုင်သည့် ကျောင်းသားတစ်ယောက်ကလဲ ပခုံးကို လှမ်းပုတ်လာပြီး

"Yarr...Dabin တစ်ယောက်ဒီနေ့ banana milk နောက်ကျနေပါလား "

Kang Dabin ဆိုသည့် ကျွန်တော့်ခုံနဲ့ ကပ်ရပ်ထိုင်တဲ့ ဘေးrow က ကျောင်းသူ

အထက်တန်း ပထမနှစ်စတည်းက မနက်တိုင်း Banama milk ဝယ်ပြီး ကျွန်တော့ခုံထဲထိုးထည့်ထားတတ်သူ

ကျွန်တော်က မသောက်တော့ အနောက်က အတန်းဖော်ကပဲ သူမ မသိအောင် ယူယူပြီးသောက်လေ့ရှိသည်

အခန်းတွင်း သူမခုံမှလွဲ၍ ကျန်တဲ့အတန်းသားတွေ သူ့နေရာနဲ့သူရှိနေပြီး စာလုပ်တဲ့သူကလုပ် ဖုန်းသုံးတဲ့သူကသုံးနဲ့ အတန်းပိုင်ဆရာ အလာကိုစောင့်နေကြသည်

နေစူးလာ၍ လိပ်ကာချဖို့ ကျွန်တော်ပြင်လိုက်ချိန် ပြတင်းပေါက်ကနေလှမ်းမြင်ရတာ...

ကျောင်းအားကစားကွင်းကိုဖြတ်ပြီးပြေးလာတဲ့ သူမ

တံခါးဆွဲဖွင့်သံနဲ့အတူ ဆရာအတန်းထဲဝင်လာတော့ ကျွန်တော်လဲနေရာမှပြန်ထိုင်လိုက်ပြီး သင်မဲ့ ဖတ်စာအုပ်ထုတ်လိုက်သည်

"Kang Dabin ကျောင်းမလာတာလား နောက်ကျတာလား"

"နောက်ကျတာပါ sam "

သူမ ခုံအနောက်မှာထိုင်တဲ့ ကျောင်းသူကဖြေသည်

စာသာမလုပ်တာ ကျောင်းတစ်ရက်မှမပျက်ဖူးတဲ့ကလေးမို့

You loved Me first Where stories live. Discover now