Part 15 - Transfer Student

91 3 2
                                    


flashback

[ Duseok Pov ]

အိမ်ပြောင်းဖို့ အိပ်ခန်းထဲက ပစ္စည်းတွေသိမ်းနေရင်း အံ့ဆွဲထဲ ထည့်ထားတဲ့ ice-cream coupon လေးကိုတွေ့တော့ အငိုသန်တဲ့ ကောင်မလေးကို သတိရမိသား

အဲ့ဒီနေ့က ကူပွန်ပေးချင်လို့ ကျောင်းနေ့တစ်ပိုင်းပြတ်ပြီး Dabin ကျောင်းရှေ့မှာ သွားစောင့်နေခဲ့ပေမဲ့

ကျွန်တော့်ရှေ့တင် ကောင်လေးတစ်ယောက် သူမလက်ကို ပိုင်စိုးပိုင်နင်းဆွဲပြီး ခေါ်ထွက်သွားတာကို ဒီတိုင်း ရပ်ကြည့်နေခဲ့ရတယ်လေ

ရုတ်တရက်မလို့ တားခွင့်မရလိုက်သလို နောက်ကလိုက်သွားမယ်လုပ်တော့လဲ Wonhee ဆိုတဲ့ သူမ သူငယ်ချင်းက
ကျွန်တော့်နာမည်ခေါ်ပြီး တားလာသည်

" DuSeok ssi !! "

" ဟို....ခုနက တစ်ယောက်က..... "

" သူငယ်ချင်းတွေပါ ...အရေးကြီးကိစ္စရှိလို့နေမယ် "

" အော်... ဒါလေး Dabinကို ပေးပေးလို့ရမလား "

" ဘယ်ဖြစ်မလဲ.... နောက်တစ်ကြိမ်ထပ်တွေ့လို့ရမဲ့ အခွင့်ရေးကို လက်လွှတ်မလို့လား "

" ahh.. ဟုတ်သားပဲ ^^ "

အိမ်မပြန်ခင် Dabin ပြန်လာမလားလို့ ထိုလမ်းကြားထဲမှာပဲ အချိန်တန်ကြာ စောင့်နေခဲ့ပေမဲ့ ပြန်မလာပါ

ထိုနေ့က ကူပွန်လေးပေးခွင့်မရလိုက်ပဲ အိမ်ပြန်ရောက်တော့လဲ မိသားစုပြဿနာက
ကျွန်တော့်ကို ဆီးကြိုနေခဲ့သည်

ကိစ္စသေးသေးကြီးကြီး ရန်ဖြစ်စကားများတတ်တဲ့ အမေနဲ့အဖေ က နောက်ဆုံးတော့ လမ်းခွဲဖို့ ဆုံးဖြတ်လိုက်ပြီတဲ့လေ

" Appa နဲ့ Omma ကွာရှင်းတော့မယ်.... Omma နဲ့လိုက်ခဲ့မယ်မလား "

အမေက ရှိုက်ငိုနေခဲ့ပြီး ကျွန်တော့်လက်ကို သူမ လက်နှစ်ဖက်နဲ့အုပ်ကိုင်ကာ မေးလာသည်

" ကလေးကိုဖိအားမပေးနဲ့! သားသဘောအတိုင်း ရွေးချယ်ပါစေ! "-Dad

" ရှင်ကသားကို ကောင်းကောင်း ဂရုစိုက်နိုင်မှာမလို့လား! ရှင့်အလုပ်နဲ့ ရှင်တောင် အချိန်မလောက်နေတဲ့သူက " -Mom

You loved Me first Where stories live. Discover now