Part 13 - First Kiss

112 4 4
                                    

flashback

*ခွမ်း*

ဂေါက်ရိုက်သံနဲ့ ရိုက်ခွဲခံလိုက်ရတဲ့ ကြွေပန်းအိုးကြီးမှာ အစိတ်စိတ်အမြွာမြွာ

" ကျွန်တော် ဘာအမှားလုပ်မိလို့လဲ "

ကုန်တိုက်ကအပြန် အိမ်ပြန်ရောက်ရောက်ချင်း ဆွဲထိုးခံရတဲ့ JaeHoon

နှုတ်ခမ်းထောင့်က ထွက်လာတဲ့သွေးစတွေကို လက်နဲ့ တချက်ဖယ်သုတ်ပြီးမေးလိုက်ချိန်

" ဘာအမှားလုပ်မိလို့လဲ ဟုတ်လား "

" ကျွန်တော် Appa ကို ဘာမှတောင်းဆိုထားတာ မရှိဘူး "

Sejin မျက်နှာထက် မဲ့ပြုံးတချက်ပေါ်လာပြီး

*ဖြောင်း*

ပါးတဖက်ကိုပါ အားကုန်ရိုက်ချလာလို့ JaeHoon မျက်နှာလည်ထွက်သွားရသည်

" မတောင်းဆိုလဲ မင်းရနေတယ်မလား ! Appa ပစားပေးထားတာနဲ့ပဲ မင်းကိုမင်း ဒီမိသားစုထဲဝင်ဆန့်နိုင်မယ်ထင်နေလား! "

" တစ်ခါလေးတောင် မတွေးခဲ့ဖူးပါဘူး "

" *Hak* ပြန်ခံပြောတတ်နေပြီပဲ "

" တောင်းပန်ပါတယ် .... အနှောင့်အယှက်မဖြစ်အောင်နေပါ့မယ် "

ဖြေရှင်းလဲ အချည်းနှီးပဲမို့ JaeHoon ထိုသို့ပြောပြီး အိမ်အပေါ်တက်မလို့ ခြေလှမ်းပြင်ပေမဲ့

" ဘယ်သူ သွားခိုင်းလို့လဲ ? ?
အရိုက်မခံရတာကြာတော့ မေ့သွားပြီလား "

Sejin ဆီက အရက်နံ့လဲရနေပြီး စိတ်မကြည်တိုင်း သူ့အပေါ် မဲနေကျမလို့ မထူးဆန်းတော့ပါ

" အလကား လက်အနာခံမိတာပဲ "

မျက်နှာရိုက်နှက်ခံရရုံနဲ့မပြီး Sejin ဂေါက်တံပြန်ဆွဲယူကာ JaeHoon ဗိုက်နဲ့ခါး ကို ဆက်တိုက်ဆိုသလို ရိုက်လိုက်ချိန်

JaeHoon ကိုယ် နာလွန်းလို့ ကြွေအိုးအကွဲအစတွေ ပျံ့လွင့်နေတဲ့ ကြမ်းခင်းပေါ် ယိုင်လဲကျသွားသည်

*Arrrr!*

JaeHoon လက်ထဲမှလွတ်ကျလာတဲ့ ဆွဲကြိုးဘူးအိတ်ကို Sejin အဝေးသို့ ကန်ထုတ်လိုက်ကာ

" လူဆိုတာ သူ့နေရာနဲ့သူရှိရတယ် Appa က သဘောမပေါက်ရင်တောင် မင်းတော့နားလည်ရမယ်မလား! "

You loved Me first Where stories live. Discover now