part 7 - Birthday

95 4 0
                                    


ဒီနေ့က JaeHoon မွေးနေ့မလို့ ချိန်းထားတဲ့တိုင်း ကျောင်းမသွားပဲ busမှတ်တိုင်မှာ ကြိုရောက်နေသည်

ဆံပင်ကို ချစ်စရာကောင်းစွာ ခပ်နှိမ့်နှိမ့်လေး နှစ်ဖက်ချည်ကျစ်ထုံးထားကာ အင်္ကျီအဖြူလေးရယ် အပေါ်ကJean boiler အတိုလေးရယ် ပေါ့ပါ့ပါးပါးဝတ်ဆင်ထားပြီး

ဒီနေ့တော့ကျောင်းလွယ်အိတ်အစား tote bagလေး ပခုံးမှာလွယ်ကာ JaeHoon အလာကိုစောင့်နေသည်

"Dabin naa..."

JaeHoon အသံကြားတော့ ဖုန်းကြည့်နေရာက လှည့်ကြည့်လိုက်ချိန်

Comma hairstyle နဲ့ အသားဖြူဖြူ ကောင်လေးက တီရှပ်အဖြူပေါ် လက်တိုရှပ်ပြာအပွအား အပေါ်မှ ထပ်ဝတ်ထားပြီး ခဲရောင် ဘောင်းဘီရှည်နဲ့ sneaker စီးထားပုံမှာ ထူးထူးခြားခြား မပြင်ဆင်ထားပဲ မင်းသားရှုံးအောင် ကြည့်ကောင်းလွန်းနေသည်

"နောက်ကျသွားလား...." -JaeHoon

"ဟင့်အင်း ငါကစောရောက်နေတာ "-Dabin

သူတို့စီးမဲ့ busမလာသေးလို့ မှတ်တိုင်ခုံမှာ နှစ်ယောက်အတူထိုင်စောင့်ရင်း

"Happy Birthday JaeHoon na
ဒီနေ့အရမ်းမိုက်နေတယ် "

Dabin မှာ သူမပုံစံအတိုင်း ပွင့်ပွင့်လင်းလင်းပဲ ဆိုလာချိန်

"om...နင်လဲ ဒီနေ့ လှတယ် "

JaeHoon ကတော့ အသံ ခပ်တိုးတိုးဖြင့် မျက်နှာကို တဖက်လှည့်ရင်း ပြောလိုက်သည်

" ငါ လှတယ် လို့ပြောလိုက်တာလား" -Dabin

Dabin မျက်လုံးလေးအရောင်တောက်သွားပြီး ထပ်မေးလာပေမဲ့ ကိုတော်ချောက မကြားချင်ယောင်ဆောင်ရင်း

"bus လာပြီ သွားရအောင် "

မေးတာမဖြေပဲ သူမ လက်ကောက်ဝတ်အားဆွဲကာ Bus ပေါ်တက်သွားသည်

သွားမဲ့နေရာက မြို့နဲ့ အနည်းငယ်ဝေးတာမို့ ကားပြတင်းပေါက်လေးဖွင့်ပြီး နှစ်ယောက်အတူ လေငြင်းခံကာ လမ်းတလျှောက်ရှုခင်းတွေ ကြည့်လိုက် နားကြပ်တစ်ယောက်တဖက်တပ်ကာ သီချင်းအတူနားထောင်လိုက်နှင့် ~

သူငယ်ချင်းမကျ ရည်းစားမကျတဲ့ သူတို့နှစ်ယောက်တွက် အေးချမ်းတဲ့ခရီးတိုလေးတစ်ခုပေါ့

You loved Me first Where stories live. Discover now