part 4 - Falling star

73 4 0
                                    


@Mr.Cha's Mansion

"ဘယ်လိုပြောလိုက်တယ် Appa... မိတ်ဆုံစားပွဲမှာ Cha JaeHoon ကိုပါအတူရှိခိုင်းမယ်ဟုတ်လား "

"ဟုတ်တယ် သမီး... သူ့ကို Appa ရဲ့စီးပွားဖက်မိတ်ဆွေတွေနဲ့ မိတ်ဆက်ပေးရမဲ့အချိန်ရောက်ပြီ "

"Appa!!!"

Mr.cha ရဲ့သားနဲ့ သမီးမှာ လက်မခံနိုင် ထမင်းစားပွဲမှထရပ်ပြီး

" APPA! သေချာပြန်စဥ်းစားပါဦး မိသားစုသိက္ခာထည့်မတွေးတော့ဘူးလား "

" ကျွန်တော်ကတော့လုံးဝလက်မခံနိုင်ဘူး "

" JaeHoon ကမိသားစုဝင်ပဲလေ-"

" သူ့ကိုဘယ်တုန်းက မိသားစုဝင်အဖြစ်လက်ခံခဲ့ဖူးလို့လဲ အခုလဲလက်မခံသလို အရင်ကလဲလက်မခံခဲ့ဖူးဘူး နောက်လဲလက်ခံမှာမဟုတ်ဘူး !!! "

Mr.Cha သမီးမှာ Mr.Cha ပိုင်ဆိုင်တဲ့ ကုမ္ပဏီ ခွဲတစ်ခုမှာ ရာထူးမြင့်ပိုင်းနေရာတစ်ခုကို ဦးဆောင်နေရသူဖြစ်သည်

Mr.Cha သားအကြီးကလဲ ကုမ္ပဏီရဲ့ ဒါရိုက်တာရာထူးကို တာဝန်ယူနေသူဖြစ်ပြီး မောင်နှမ နှစ်ယောက်လုံးက Cha Groupကို ဆက်ခံနိုင်ဖို့ အားပြိုင်နေကြသည့်ကြားထဲမှ JaeHoon ကို ဒီလိုအရေးကြီးတဲ့မိတ်ဆုံစားပွဲမှာ ဥက္ကဋ္ဌရဲ့ သားအငယ်ဆုံးအဖြစ် ချပြမယ်ပြောတော့

"Omma တစ်ခုခုပြောပါဦး "

Mr.Chaသားအကြီးမှ ထမင်းစားပွဲမှာ ငြိမ်သက်စွာရှိနေသည့်အမေဖြစ်သူအား ဆိုသည်

ဒေါသကို မြိုသိပ်ထားတဲ့ Mr.Chaဇနီးမှာ ဇွန်းနှင့်ခရင်းအား ချလိုက်ပြီး

"ကျွန်မနဲ့ရှင် သီးသန့်စကားပြောကြတာပေါ့ "

Mr.Cha နဲ့ သူ့ဇနီး ထမင်းဝိုင်းမှထသွားပြီးနောက် အိမ်ရဲ့ပြဿနာကိုမသိပဲ လွယ်အိတ်တစ်လုံးနဲ့ အိပ်ခန်းမှဆင်းလာသည့် JaeHoon

ဧည့်ခန်းထဲ မျက်နှာထားခပ်တင်းတင်းဖြစ်နေသည့် Mr.Cha ရဲ့သားအကြီးနဲ့သမီးငယ်ကိုတွေ့သည်

သူတို့နဲ့မျက်လုံးချင်းမဆုံမိခင် အိမ်အနောက်ပေါက်မှထွက်ဖို့ ခြေလှမ်းတွေလှည့်လိုက်ပေမဲ့

"Yaa...နင်ဒီကိုလာဦး "

Mr.Cha ရဲ့သမီးခေါ်သံကြောင့်... Hoon လဲနေရာမှာ ရပ်လိုက်ပြီး

You loved Me first Where stories live. Discover now