part 2 - Rain

79 4 0
                                    


" ငါနင့်ကိုကြိုက်ဘူး...ကျေးဇူးပြုပြီး ငါ့ကိုနှောင့်ယှက်ပါနဲ့"

"ဘာလို့ကြိုက်တာလဲ ရုပ်ပဲလှပြီး စာမလို့လား"

"ငါ့ပေါ်မျှော်င့်ချက်မထားနဲ့ ငါင့်ခံစားချက်ကို ဘယ်တော့မှ အသိအမှတ်ပြုပေးနိုင်မှာမဟုတ်ဘူး "

သူမကို အကြိမ်ကြိမ်ငြင်းခဲ့ပေမဲ့ ကျွန်တော့်စကားတွေအရာမရောက်ဘူးထင်ပါတယ်

အဲ့ဒီကောင်မလေးက မျက်နှာတစ်ချက်မပျက်ပဲ တစ်နှစ်လုံး ကျွန်တော့်အနီးနားမှာပဲ တွယ်ကပ်နေတာ ကံမကောင်းချင်တော့ ထပ်ပြီး ဒုတိယနှစ်လဲ အခန်းတူတူထပ်ကျပြန်သည်

"JaeHoon naa"

ကျွန်တော့်ကိုတွေ့တိုင်း ပြုံးပြီး လက်ပြတတ်တဲ့သူမ...

ကွန်တော်ကတော့ လမ်းလျှောက်ရင်တောင် သူမနဲ့ မဆုံမိအောင်ပတ်ရှောင်နေရသည်

အိမ်မှာအဆင်မပြေလို့ ကျောင်းမှာတော့အေးဆေးနေရမယ်ထင်ပေမဲ့ သူမကြောင့် စိတ်ရှုပ်လွန်းလို့ ဘယ်မှာသွားပုန်းနေရမလဲမသိ

ကျွန်တော် သူမကို ငြင်းရတာ ငြီးငွေ့လာပေမဲ့ သူမကတော့ အငြင်းခံရတာ အသားကျနေသည့်ပုံပင်

"JaeHoon shi ဒီအပိုင်း noteမှတ်ထားတာရှိလား"

အတန်းထဲက ကောင်မလေးတစ်ယောက်  စာလာမေးတော့ သူငယ်ချင်းခုံ အနောက်လှည့် လေပေါနေသည့် Dabin တစ်ယောက် လှည့်ကြည့်လာသည်

"ဒီမှာ..."

"ကျေးဇူးပဲနော် Jaehoon shi"

ထိုကောင်မလေးကို စာအုပ်ငှားလိုက်တော့ သူမကပါ သူ့ခုံနားရပ်လာပြီး

"Cha JaeHoon shi... ငါ့ကိုလဲစာအုပ်ငှားပေး မနက်ကသင်တဲ့grammar "

ကျွန်တော်သူမကို အာရုံမစိုက်ပဲ လုပ်လက်စ  စာဆက်လုပ်နေတော့

"huh! ငါကလွဲပြီးကျန်တဲ့သူတွေပေါ်ကောင်းတယ် "

သူကြားရုံလောက် ခပ်တိုးတိုးရေရွတ်ပြီး

You loved Me first Where stories live. Discover now