Part 17 - Fight

118 3 5
                                    


ဒီနေ့က ကျောင်းပိတ်ရက်မလို့ DuSeok
နေမြင့်မှ အိပ်ယာထကာ အကျောဆန့်ရင်း သူ့အိပ်ခန်းမှ ဆင်းလာသည်

" နိုးပြီလား " -Duseok Omma

အမေနဲ့ ဦးလေးဖြစ်သူ အလုပ်မသွားသေးပဲ မနက်  ထမင်းစားပွဲမှာထိုင်နေတာတွေ့လိုက်ရချိန်

" huh? မောင်နှမနှစ်ယောက် အလုပ်နားတာလား "

DuSeok ပန်းကန်ထဲက ကွတ်ကီးတစ်ခုအား ယူစားရင်း မေးလိုက်သည်

" omm နားရက်ပေမဲ့ အလုပ်ကိစ္စနဲ့ နေ့ချင်းပြန်ခရီး  သွားစရာရှိတယ် အပျင်းပြေလိုက်ခဲ့မလား "-Uncle

" ဟင့်အင်း ကားစီးရတာ ခရီးပန်းတယ်"

DuSeokအမေ ကော်ဖီဖျော်ပြီး DuSeok အတွက်  စားပွဲမှာချပေးလာကာ

" သား ကျောင်းအသစ်မှာ အဆင်ပြေရဲ့လား " 

" ပြေပါတယ် Omma..သူငယ်ချင်းတွေလဲ ဂရုစိုက်ပေးတယ် " 

" သူငယ်ချင်းအသစ်တောင် ရနေပြီပေါ့ "- Uncle

" nae....4ယောက်-မဟုတ်ဘူး အတိအကျ 3 ယောက်ရှိတယ် "-DuSeok

" ကျန်တဲ့တစ်ယောက်ကဘာဖြစ်လို့လဲ " -Omma

" ကျွန်တော့်ပြိုင်ဘက်မလို့ " -DuSeok

" ပြိုင်ဘက်? အာ....ဘတ်စကတ်ဘော ကစားဖော်လား " -Uncle

" မဟုတ်ပါဘူး.....အားကစားဆို ယှဥ်စရာမလိုအောင်  ကျွန်တော်က ပိုတော်တာပေါ့ " -DuSeok

" ဒါဆို ဘေးအိမ်ကကောင်မလေးကို ပြိုင်ကြိုက်နေတာများလား " -Omma

" ဟုတ်- ဟင်...Omma ဘယ်လိုသိတာလဲ??" -DuSeok

" ပညာရေးမှာပြိုင်ရအောင် သားဘယ်တုန်းက စာစိတ်ဝင်စားဖူးလို့လဲ? " -Omma

" မဟုတ်ဘူး....ကျွန်တော် Dabin ကိုသဘောကျတာ Omma ဘယ်လိုသိတာလဲ!?" -DuSeok

" ကိုယ်မွေးထားတဲ့သားပဲ ပါးစပ်ဟလိုက်တာနဲ့ အူဘယ်နှခွေရှိလဲဆိုတာသိပြီးသား " -Omma

" သြော် ဒါကြောင့် မင်း မနက်မနက် ကျောင်းသွားဖို့အရေး ခြံရှေ့မှာ ရစ်တီရစ်တီလုပ်နေတာ....အဲ့ကလေးမ နဲ့ အတူသွားချင်လို့ပေါ့ "  -Uncle

" aigoo...ငါ့သား စာကိုသာဒီလိုကြိုးစားရင်ဘယ်လောက်ကောင်းမလဲ " -Omma

You've reached the end of published parts.

⏰ Last updated: Apr 04 ⏰

Add this story to your Library to get notified about new parts!

You loved Me first Where stories live. Discover now