part 10 - Coupon

133 4 8
                                    

flashback:

[ JaeHoon pov ]

"JaeHoon ssi ဒီဒိုင်ယာလော့က သဘောကျတဲ့မိန်းကလေးကို နှစ်သက်တဲ့မျက်ဝန်းတွေနဲ့ ကြည့်ပြီး ပြောရမှာလေ.....မင်းက စာရွတ်သလို ဖြစ်နေတယ် "

"တောင်းပန်ပါတယ် sambae (senior) "

" နောက်တစ်ခေါက် ပြန်စမယ် "

ပြဇာတ်တိုက်တိုင်း မျက်နှာအမူအရာ သေချာမဖော်ပြနိုင်လို့ ခနခနအဆူခံရသည်

အတူတွဲလေ့ကျင့်ရတဲ့ Yoora ကိုအားနာပေမဲ့ ကျွန်တော်ဘယ်လိုမှ ခံစားချက်ထည့်လို့မရပါ

"JaeHoon ssi တွဲနေတဲ့ ကောင်မလေးမရှိဘူးလား "

"ahh..ဟုတ်..."

" ဒါဆို သဘောကျတဲ့ ကောင်မလေးရော.... ကိုယ်သဘောကျနေတဲ့ သူတစ်ယောက်ကို မြင်ယောင်ပြီးပြောကြည့် "

သဘောကျတဲ့သူ??

စီနီယာအမ အကြံပေးတဲ့စကားအဆုံး ကျွန်တော့်အတွေးထဲ ဝင်လာခဲ့တဲ့တစ်ဦးတည်းသောသူ Kang Dabin ~

Huh? သူ့ဘက်ကသဘောကျတာလေ ငါမှမဟုတ်တာ ဘာလို့ခေါင်းထဲဝင်လာရတာလဲ?

ကျွန်တော့်ကိုတွေ့ရင် အမြဲပြုံးရွှင်နေတတ်တဲ့ Dabin ပုံရိပ်က မျက်လုံးထဲပြန်မြင်ယောင်လာပြီး

တခါတလေ သူမရဲ့အပြုံးတွေက ကျွန်တော့်ကို ကူးစက်စေတာ ဝန်ခံပါသည်

ဒါပေမဲ့ ဒီရက်ပိုင်း ရင်တွေ တလှပ်လှပ်ခုန်တက်လာစေတဲ့အထိ လွှမ်းမိုးလာတာက သူမပေါ် ခံစားချက်ရှိနေပြီ ဆိုတဲ့ သဘောဆိုရင်....

" မဟုတ်ဘူးးး!!! "

အတွေးအာရုံကို လွန်ဆန်ရာမှ နှုတ်က လွတ်ခနဲ ထွက်သွားချိန်

"ဘာကို မဟုတ်တာလဲ?? အဆင်ပြေတာကို "

"nae??"

"ခုနက ဘယ်သူ့ကိုတွေးနေတာလဲ အဲ့ မျက်လုံးအကြည့် အဆင်ပြေတယ်လို့... "

စီနီယာအကိုကပါ ထပ်ပြောလာတော့ ကျွန်တော် စိတ်တွေပိုရှုပ်ထွေးသွားရပါသည်

" JaeHoon ssi မှာ ကောင်မလေးရှိတာပဲ.... ဟုတ်တယ်မလား " -Senior 1

"အဲ့လိုမဟုတ်ပါဘူး..."

You loved Me first Where stories live. Discover now