အချိန်ကား နာရီလက်တံက12နှင့်မိနစ်လက်တံက 6ကိုညွှန်ပြနေသည့် ည 12နာရီခွဲ ။ တတီတီမြည်နေတဲ့ဖုန်းသံက တိတ်ဆိတ်နေတဲ့ အခန်းကို လွှမ်းမိုးလာသည်။ ထယ်ရယ် စာရိုက်လက်စကို ရပ်လိုက်ရင်း ဖုန်းကိုင်လိုက်သည်။
"Hello အမိန့်ရှိပါ...."
"......... .......... "
"ဟုတ် ကျွန်တော်အခုထွက်လာပြီ ... ထိန်းထားပေးပါအုံး ..."
ထယ်ရယ်ဖုန်းချလိုက်ရင်း Long coat တစ်ထည်ကောက်ဆွဲကာ ကားမောင်းထွက်ခဲ့သည်။ တည်နေရာက ရဲစခန်း ....။
စခန်းအတွင်း ဝင်လိုက်တာနဲ့ အချုပ်ခန်းထဲက ထောင့်မှာ မထီသလိုထိုင်နေတဲ့ သူကိုတွေ့လိုက်ရသည်။ မျက်ခုံးစပ်နဲ့ နှုတ်ခမ်းထောင့်မှာ ကွဲပြဲလို့သွေးထွက်နေသည်။ ထယ်ရယ် တာဝန်ရှိသူဆီ တန်းသွားလိုက်ရင်း ...
"ရှန်ချွမ်ရွေ့ရဲ့ အုပ်ထိန်းသူပါ ..."
ထယ်ရယ့်အပြောကို တာဝန်ရှိသူက မော့ကြည့်ရင်း ...
"ဘာတော်လဲ?.... "
"အစ်ကိုပါ ..... "
ထယ်ရယ်ဖြေလိုက်သည်။ တစ်ခါတစ်လေ အစ်ကို၊တစ်ခါတစ်လေသူငယ်ချင်း၊ဒါက သူနဲ့ချွမ်ရွေ့ကြားက ပြောင်းလဲမှာမဟုတ်တဲ့ ဆက်ဆံရေးတစ်ခုပင်။
ခံဝန်လက်မှတ်ထိုးပြီးနောက်မှာတော့ အချုပ်ခန်းထဲက ချွမ်ရွေ့ကိုထုတ်လာပေးသည်။ ဘာမှ ဂရုမစိုက်တဲ့ပုံစံနဲ့ အပြင်တန်းထွက်သွားတာမို့ ထယ်ရယ် အပြေးလိုက်ရရင်း လက်ထဲယူလာတဲ့ Long coat ကို ပုခုံးအထက်ကနေခြုံပေးလိုက်ရသည်။ နှစ်ယောက်လုံး ကားထဲဝင်ထိုင်ပြီးသည်နှင့် ထယ်ရယ့်က ကားအတွင်းအပူချိန်ကို တိုးလိုက်ပြီး နွေးသွားအောင်လုပ်လိုက်သည်။ ထို့နောက်အိမ်ပြန်လမ်းဆီသို့။
"ရေချိုးတာမကြာစေနဲ့ ချွမ်ရွေ့... ပြီးရင် အစားစားဖို့ဆင်းခဲ့ ဘာမှမစားရသေးဘူးမလား ..."
အိမ်ရောက် ကားပေါ်ကဆင်းတာနဲ့ အခန်းထဲတန်းဝင်တော့
မည့် ချွမ်ရွေ့ကိုလှမ်းအော်ရသည်။ ထို့နောက် မီးဖိုချောင်ထဲဝင်ရင်း ရှိတာနဲ့ ကင်မ်ချီထမင်းကြော်ပဲ ကြော်ဖို့ပြင်သည်။
ရှန်ဟိုင်းမှာဆိုပေမဲ့ ကိုရီးယားစာ ပဲကြိုက်တတ်သည့်
ထယ်ရယ်က ကင်မ်ချီ ရယ်ဒီမိတ်အထုပ်တွေတော့ အမြဲဝယ်ထားတတ်သည်။ နောက်ပြီး အစပ်မကြိုက်သည့် ချွမ်ရွေ့က ထယ်ရယ်ကြော်ပေးသည့် အစပ်သိပ်မပါသည့် ကင်မ်ချီထမင်းကြော်တော့ အားရပါးရစားတတ်သည်လေ။ ရှိတဲ့အသားလေးကို ဆီသတ်ပြီးတာနဲ့ ကင်မ်ချီလှီးထားတာထည့်ပြီး ထမင်းထည့်သည်။ ကိုရီးယားငရုပ်နှစ်ဆော့ တစ်ဇွန်းထည့်ပြီး မွှေသည်။ အရသာအတွက် ပဲငံပြာရည်အကြည်လေးလောင်းထည့်ပြီး အနံ့မွှေးဖို့ နှမ်းဆီတစ်ဇွန်းစမ်းသည်။ အကုန်ပြင်ဆင်ပြီးတဲ့အခါ ကြက်ဥ half fried တစ်လုံးကြော်ပြီး ထမင်းပေါ်က တင်သည်။ ချွမ်ရွေ့က Coffee မကြိုက်တတ်တဲ့သူမလို့ နွားနို့ဝယ်ထားတာ ပူအောင်ပြန်နွှေးသည်။ အကုန်အဆင်သင့်ဖြစ်တဲ့အခါ ချွမ်ရွေ့ကလည်း အောက်ဆင်းလာတာနဲ့ ကွက်တိပင်။ အရင်ဆုံး ထယ်ရယ် ဆေးသေတ္တာဘူးယူရင်း ချွမ်ရွေ့ဘေးဝင်ထိုင်သည်။ ထယ်ရယ် ရစ်ခီ့မျက်နှာကို ဆေးထည့်ပေးရင်း ...."ဟိုဘက်က ဘယ်လောက်စုတ်ပြတ်သတ်သွားလည်း ... "
"ကျိုးရုံလောက်ပဲ မပူနဲ့ ကင်မ်ထယ်.... ဥက္ကဌရှန်က ထုံးစံအတိုင်း ငွေနဲ့ပေါက်ပြီး ရှင်းလိမ့်မယ် အေးဆေး ..."
ခပ်ပေါ့ပေါ့ပဲ ထမင်းစားရေသောက်လိုပြောလာတဲ့ ချွမ်ရွေ့စကားအဆုံး ထယ်ရယ် သက်ပြင်းချလိုက်ရင်း .. ဆေးဘူးကိုပိတ်လိုက်သည်။
"စားပြီး အိပ်တော့ ... မနက် ကျောင်းလိုက်ခဲ့အုံး ... ပျက်တာများနေပြီ attendance ဝင်ယူပြီး ဆရာတွေကိုမျက်နှာပြလိုက်အုံး ...မင်းမျက်နှာမေ့နေပြီတဲ့ ..."
ထယ်ရယ် ပြောလိုက်ရင်း ချွမ်ရွေ့ဘေးက ထရပ်လိုက်ကာ မီးဖိုထဲ coffee တစ်ခွက်ဝင်ဖျော်သည်။ ထို့နောက် သူ့အခန်းထဲ ဝင်လာခဲ့သည်။ နောက်ပါးဆီက coffee တွေလျော့တော့ ကင်မ်ထယ် ဆိုသည့် ပလုတ်ပလောင်းနဲ့ အသံလေးတစ်ခုကြားလိုက်ရပါသေးသည်။
ထယ်ရယ် စာကြည့်စားပွဲမှာ Coffee ခွက်ကိုချရင်း ရေးလက်စ diary ကိုဖွင့်သည်။
TAE 'S DIARY 📒
~ ဒီနေ့လည်း ငါ့အချိန်တွေ မင်းအတွက်နဲ့ပဲ ကုန်ခဲ့ရပြန်ပြီ ...ဆယ်စုနှစ် နှစ်ခါပြန်တော့မဲ့အချိန်တွေထဲ ...ငါဆိုတဲ့ဖြစ်တည်မှုကိုက မင်းအတွက်ရည်ရွယ်ပြီးမွေးဖွားလာခဲ့ရသလိုပဲ ထင်ပါတယ် Ri ...
~ မင်းပြောသလို Coffee တွေကို လွယ်လွယ် ဖြတ်လို့
မရဘူး Ri .... မင်းကိုပိုမစွဲလမ်းမိစေဖို့ဆို ... ငါ coffee တွေကို စွဲသောက်နေဖို့ လိုအပ်တယ် ...__________________ TBC ___________________
LYN 💚
Young Love က ရှန်ထယ်ရယ်အတွဲလေးကို ဆက်ရေးပေးပါပြောကြလို့ ရေးလိုက်ပါပြီ ။
Young Love S2 အနေနဲ့ ဖတ်ရင်လည်းရသလို
Another story အနေနဲ့ ဒီကစဖတ်လည်း အဆင်ပြေပါတယ်
သဘောကျပေးကြပါအုံး 😍
အားလုံးကိုကျေးဇူးခ 💗
YOU ARE READING
That One Person [ COMPLETED ]
Fanfictionငါ့ရဲ့နောက်ဆုံးဆုတောင်းက မင်း ဆိုတဲ့ လူတစ်ယောက်ပါပဲ ~•