That One Person - 12

418 67 5
                                    

          "သဘောမတူဘူး ... ကိုကို ...."

အိပ်ခန်းထဲ ချွမ်ရွေ့အသံက ဟိန်းထွက်လာတော့ ထယ်ရယ် အပြင်ဘက်ကကြားသွားမှာဆိုးလို့ စေ့ထားတဲ့ တံခါးကိုအသာပိတ်လိုက်သည်။

     "တိုးတိုးပြောပါ ချွမ်ရွေ့ရဲ့  ကြားသွားမယ် .... မင်းကလည်း သူတစ်ပါးအကူအညီလိုနေတာ ကူညီကောင်းပါတယ် နော်..."

   "မင်းဟာက အခု Brand အတွက် ရိုက်ကူးနေစဉ်တစ်လျှောက်လုံး အိမ်ပေါ်ခေါ်တင်ထားရမှာလေ  ကိုကိုရဲ့ ..."

  "သူလည်း  Hotel တွေမတည်းချင်လို့ ဘာညာနဲ့ပြောလာတော့ ငါဘယ်လိုငြင်းရတော့မလဲလို့ သူ့လို နာမည်ကြီးတစ်ယောက်ကို မရ ရအောင်မနည်းဆက်သွယ်ထားရတာ...မင်း သိရဲ့သားနဲ့ ... နောက်ပြီး သူ့အဖေက အရင်တုန်းက အန်ကယ်လ့်ကို အများကြီးအကူအညီပေးခဲ့တာ .... အခုက သူ့အဖေကိုယ်တိုင်ကကို အကူအညီတောင်းလာတာ ငါတို့ကငြင်းလို့မကောင်းဘူးလေနော် ...."

   "ဒါပေမဲ့  နာမည်ကြီး မလို့ပြောနေတာလေ ... သူတစ်ယောက်ပိုလာရင် ဘယ်သူပိုပင်ပန်းမှာလဲ မသိတာလား ..ၕည့်သည်ဆို ၕည့်သည်နဲ့တူအောင် ၕည့်ဝတ်ကလိုတာထက်ပိုကြေရအုံးမယ်.... ကိုကိုက နဂိုကတည်းက ကိုယ်နဲ့မဆိုင်သလိုအရမ်းကိုနေတတ်တာဆိုတော့ ....နေရာတကာ မင်းပဲ ပင်ပန်းမှာကြောက်လို့ပြောတာ ကိုကိုရဲ့ ..."

   " ချွမ်ရွေ့ကလည်း  မပင်ပန်းပါဘူး .... ငါ ဒီတစ်ခါ Brand လေးကိုဘယ်လောက်မျှော်မှန်းထားလဲ သိတယ်မလား ...လုပ်ပါနော်..."

လက်မောင်းကို ဖက်တွယ်ကာ မျက်နှာငယ်လေးနဲ့ပြောလာတဲ့ ကိုကိုကြောင့်.....

   "လုပ်  လုပ် .... ကိုကို့သဘော ... လုပ်ချင်တာသာလုပ်ဗျာ..... "

သူ့ကိုပြောပြီး အပေါ်ကုတ်ဆွဲယူကာ အပြင်ပြန်ထွက်သွားတဲ့ ချွမ်ရွေ့ကြောင့် ထယ်ရယ်သက်ပြင်းပါးပါးချလိုက်သည်။ ထယ်ရယ်တို့ company ရဲ့  နောက်ထွက်မဲ့ Brand ရဲ့ရိုက်ကူးရေးအတွက် နာမည်ကြီး Male Model တစ်ယောက်ကိုငှားရသည်။ နာမည်က လီယန် တဲ့ ...ဂျပန်ကပြားလေးဖြစ်ပြီး မိန်းကလေးရှုံးအောင်လှသည်။ ။အခုလတ်တလော နာမည်အရမ်းကြီးတဲ့သူမလို့ ထယ်ရယ်မှာ ခက်ခက်ခဲခဲရအောင်ဆက်သွယ်ထားရတာဖြစ်သည်။ နောက်ပြီး ဟိုဘက်ကလည်း  လီယန့်အဖေက အန်ကယ်ရှန်လက်ထက်တုန်းက အများကြီးကူညီပေးထားတာမို့ ရင်းနှီးပြီး အန်ကယ်လ့်မျက်နှာကြောင့် Brand အတွက်ရိုက်ကူးရေးလုပ်ဖို့ လက်ခံပေးတာဖြစ်သည်။ လက်ခံပြီးမှ ပြောလာတာ မီဒီယာတွေရှုပ်ရှုပ်ရှက်ရှက်ကြောင့် Hotel မှာမတည်းနိုင်ပါဘူး CEO အိမ်မှာပဲနေဖို့စီစဉ်ပေးပါ ဟူ၍ပင်။

That One Person [  COMPLETED ]Where stories live. Discover now