"ပန်းပင်လေးတွေက နူးညံ့တယ် သားထယ် ရဲ့ ....သေသေချာချာလေးပြုစုပျိုးထောင်ပေးရတယ် ... သေချာရေလောင်းပေါင်းသင်ပေးရတယ် ... အဲဒါမှ သေချာလှလှပပ ဖူးပွင့်လာမှာ ..."
တီတီက အပင်တွေခြေရင်းကို မြေစာလေးတွေ ဖို့ပေးရင်း ပြောသည်။ ထယ်ရယ်က တီတီလုပ်တဲ့အတိုင်း ဘေးက အပင်လေးတွေကို မြေဖို့ပေးသည်။
"ကင်မ်ထယ်!! ....မာမီ!!! . "
ထယ်ရယ်တို့အပင်စိုက်နေရာဆီ ပြေးလာတဲ့ အရိပ်ဖြူလေးကြောင့် ထယ်ရယ့်ပါးချိုင့်တို့ဟာ ပါးပြင်နုနုထက် လှစ်ခနဲပေါ်လာသည်။ ...။
"ကင်မ်ထယ် လို့မခေါ်ရဘူးလို့ ဘယ်နှစ်ခါပြောရမလဲ ရွေ့ရွေ့...ငယ်ငယ်ကလို ကိုကိုလို့ ခေါ်ပါဆို ... "
တီတီကပြောတော့ ချွမ်ရွေ့က နှုတ်ခမ်းစူရင်း ...
"မာမီကလည်း အဲဒါကငယ်ငယ်ကလေ ... အခု သားနဲ့ ကင်မ်ထယ်က အတန်းအတူတူပဲဟာကို ... နောက်ပြီးးသားကကလေးမဟုတ်တော့ဘူး ..သားကို ရွေ့ရွေ့လို့ မခေါ်ပါနဲ့တော့ဆို ...."
"ကလေးမဟုတ်ဘူးဆိုပြီး ဒီနှုတ်ခမ်းကြီးက ဘာလို့ထော် ..."
ထယ်ရယ် ချွမ်ရွေ့ရဲ့ထော်နေတဲ့နှုတ်ခမ်းကို ဆွဲကာပြောလေတော့ ရန်ချွမ်ရွေ့တစ်ယောက်ရန်လုပ်တော့သည်။
"ကင်မ်ထယ်!!!! မင်း လက်လည်းမဆေးပဲ ... ငါနဲ့တွေ့မယ် ..."
ချွမ်ရွေ့ မာမီ့နားက ရေပိုက်ကိုဆွဲယူရင်း ပိုက်ထိပ်ဝကို လက်နဲ့ နည်းနည်းပိတ်ကာ ထယ်ရယ့်ဘက်ကို လှည့်လိုက်သည်။ ဖွာခနဲ စင်ထွက်လာသည့် ရေတွေက ထယ်ရယ့်မျက်နှာ တည့်တည့်သို့ ...။
"ဟာ ဟာ ဟ ... ကြွက်စုတ်ဖြစ်ပြီ ..."
"ဟာ ရှန်ချွမ်ရွေ့!!!....အကုန်စိုကုန်ပြီ ...မင်း တွေ့မယ် .... "
ထယ်ရယ် ထိုင်နေရာက ထလိုက်ရင်း ချွမ်ရွေ့ဆီပြေးသွားတော့ ချွမ်ရွေ့က ပိုက်ကိုကိုင်လျက်ပဲ ပြေးသည်။ ထယ်ရယ်ကအမှီလိုက်ရင်း ပိုက်ကိုလုတော့ နှစ်ယောက်လုံးရေတွေရွဲကုန်တော့သည်။ ချွမ်ရွေ့မာမီကတော့သူတို့နှစ်ယောက်ကို ကြည့်ပြီးရယ်လို့။ ဒီလောက်ဆို ထယ်ရယ်လေးသာရှိမယ်ဆို သူမ ချွမ်ရွေ့လေးကို စိတ်ချထားခဲ့လို့ရပြီလေ။
YOU ARE READING
That One Person [ COMPLETED ]
Fanfictionငါ့ရဲ့နောက်ဆုံးဆုတောင်းက မင်း ဆိုတဲ့ လူတစ်ယောက်ပါပဲ ~•