That One Person - 2

461 68 12
                                    

       အသက်7နှစ်အရွယ်မှာ မိဘမဲ့ဖြစ်ခဲ့တဲ့ ထယ်ရယ်က အသက်10နှစ်အရွယ်မှာ ရှန်ဟိုင်းက ကိုရီးယား-တရုတ်ကပြားသူဌေးကြီးတစ်ယောက်ရဲ့ မွေးစားခြင်းကိုခံခဲ့ရတယ်။ ကိုရီးယားကနေ ရှန်ဟိုင်းကို သွားတဲ့အချိန် ပထမဆုံးလေယာဉ်စီးဖူးခြင်းဖြစ်ပြီး ကိုယ့်နိုင်ငံမဟုတ်တဲ့တခြားကိုသွားရတာရော မိသားစုဝင်အသစ်တွေ တွေ့ရမှာလို့ပြောလာတဲ့ ဦးလေးကြီးကြောင့်ရော ထယ်ရယ်အဲတုန်းကအရာရာကိုကြောက်စိတ်တွေ တသီတသန်းနဲ့ ပါသွားခဲ့ရတာ။

ကြီးကျယ်လှတဲ့ ခြံဝန်းကြီးထဲကို ပြောင်လက်တောက်ပလှတဲ့ ကားတစ်စီးဝင်လာချိန် ဒယ်ဒီပြန်လာပြီဆိုသည့်အသံလေးကစူးခနဲ။ ကားတံခါးဖွင့်ကာ ဆင်းလာသည့် သူဌေးကြီးရင်ခွင်ထဲ လုံးခနဲဝင်လာသည့် သေးသေးကွေးကွေး အသားဖြူဖွေးဥနေသည့်ကလေးလေးတစ်ယောက် ။ထို့နောက်သူတို့ရှိရာဆီ ခပ်ဖြည်းဖြည်း လျှောက်လာသည့်အန်တီလှလှ တစ်ယောက်။ သူဌေးကြီးက ထိုကလေးလေးကို  ချီရင်း ကားထဲကထွက်ကာ ယို့ယို့ကလေးရပ်နေသည့် ထယ်ရယ်နဲ့ မိတ်ဆက်ပေးသည်။။

   "ရွေ့ရွေ့ ...ဒါ  သားရဲ့ကိုကို ဖြစ်လာမဲ့သူ  ကင်မ်ထယ်ရယ်တဲ့ ..."

သားဖြစ်သူကို နားလည်အောင် တရုတ်လိုပြောလိုက်ပေမဲ့ နားမလည်တဲ့ထယ်ရယ်ကတော့ မျက်လုံးဝိုင်းလေးများနဲ့လိုက်ကြည့်ရုံသာ။ ထိုအချိန် အနားရောက်လာသည့်အန်တီလှလှ
တစ်ဦး။

    "သားလေးက ထယ်ရယ်လေးတဲ့လား ...မာမီ့ဆီကိုလာပါအုံးကွယ် .."

သူ့ကိုသူ မာမီလို့သုံးကာ ပြုံး၍ ထယ်ရယ့်ကို ပွေ့ချီလာပြီး
ကိုရီးယားလိုမေးလာတဲ့အခါ  ပါးပေါ်မှာ ထယ်ရယ့်လို ပါးချိုင့်လေးက ထင်းလို့ ....။ထယ်ရယ်ခေါင်းငြိမ့်ပြလိုက်
သည့် အခါ သဘောကျစွာရယ်ရင်း ထယ်ရယ့်ကို အောက်သို့ပြန်ချပေးသည်။ ထို့နောက် သူဌေးကြီးလက်ပေါ်က ကလေးလေးကို လက်ပြောင်းယူကာ ထယ်ရယ့်ရှေ့ ချပေးလိုက်ရင်း ....

   "သား  ထယ်!  ... ဒါလေးက  သားညီလေး  ရှန်ချွမ်ရွေ့တဲ့ ... ရွေ့ရွေ့ သား.. ကိုကို ကို နှုတ်ဆက်လိုက်အုံးလေ .အခုကစပြီးကိုကိုက သားကိုကိုဖြစ်သွားပြီနော် ..ကိုကို့ကို အနိုင်မယူရဘူး အတူတူဆော့ရမယ်နော် "

That One Person [  COMPLETED ]Dove le storie prendono vita. Scoprilo ora