That One Person - 6

408 71 7
                                    

         "ဟုတ် ...ဟာအို ဟျောင်း ... နီးရင်တော့ပိုအဆင်ပြေတယ် ..ဟုတ် အသိတစ်ယောက်ပါ chef သင်တန်းတက်ချင်တယ်ဆိုလို့... ဟျောင်းကဒီမှာနေတာကြာလာပြီဆိုတော့လေ .... ဟုတ် အဲဒါဆိုအကူအညီတောင်းပါတယ်နော် ဟျောင်း ..."

ရစ်ခီ ဖုန်းချလိုက်ပြီး  အောက်ထပ်ထမင်းစားခန်းထဲဆင်းလာတော့ စားပွဲပေါ်မှာ ထုံးစံအတိုင်း အဆင်သင့်ဖြစ်နေသည့်မနက်စာ။ ပြင်ပေးသည့်လူကိုတော့မတွေ့။ ထုံးစံအတိုင်း သူ့ကိုရှောင်နေပြန်ပြီ။ ဟိုတစ်လောက ရန်ဖြစ်ပြီးကတည်းက ကင်မ်ထယ်က သူ့ကိုစကားလည်းမပြော။ မျက်နှာချင်းလည်းမဆိုင်။ အရေးလည်းမလုပ်တာ ကြာပြီဖြစ်သည်။

အရေး မစိုက်ဘူးဆိုသော်ငြားလည်း သူလုပ်ပေးနေကျ အသေးအဖွဲလေးတွေကတော့ မပျက်စေရ။ လုပ်ထားပေးတတ်သည်။ ဥပမာ စားနေကျမနက်စာလိုမျိုး။ နေ့လည်စားပြီးသောက်သည့် smoothie လိုမျိုး။စိတ်ဆိုးနေမှန်းသိလို့ ပြန်ခေါ်ချင်ပေမဲ့လည်း ငယ်ငယ်ကတည်းက ကိုယ်ကသာအချော့ခံလာရတာ ၊  သူများကိုပြန်မချော့တတ်တာက တစ်ကြောင်း။ ကိုယ်ချော့လိုက်မှ ပိုဆိုးသွားမည်ကိုစိုးရိမ်တာကတစ်ကြောင်းကြောင့် သူ့ဟာသူစိတ်ပြေလာပါလိမ့်မည်ဟု တွေးကာ လွှတ်ထားပေးလိုက်ပါသည်။ အခုလည်း သူ့အကြိုက်ကို ပြင်ထားပေးပေမဲ့ မျက်နှာချင်းဆိုင်အတူတူစားပေးမဲ့သူမရှိတာ ဘာလိုနေမှန်းကိုမသိပေ။ တို့ခနဲစိတ်ခနဲစားပြီး ကျောင်းကိုပဲထွက်လာခဲ့တော့သည်။

ရစ်ခီ သွားလောက်ပြီဆိုမှ အခန်းထဲကထွက်လာသည့်ထယ်ရယ်။ ပြင်ပေးထားတဲ့မနက်စာ သိပ်အရာမယွင်းတာမို့ အရသာမရှိလို့များလားတွေးရင်း သိမ်းဆည်းလိုက်သည်။ သူဒီနေ့ကျောင်းမသွားဖို့လုပ်ထားတာမို့ ပြီးရင် chef သင်တန်းကို ကောင်းနိုးရာရာအဆင်ပြေမဲ့ဟာလေးတွေကူရှာပြီး ​ရစ်ခီရှန်ဒုက္ခပေးထားတဲ့ ဟျောင်းဆီကို ဟျောင်းအလုပ်မပိုရအောင် သူကပဲရှာကာ သွားပို့ပေးရအုံးမည်။ သင်တန်းက ဘယ်သူ့အတွက်လည်းဆိုတာသိပေမဲ့ သက်သက်မဲ့ ဟာအိုဟျောင်းကိုတော့ ရစ်ခီရှန်ကြောင့်နဲ့အလုပ်မရှုပ်စေချင်လို့ဖြစ်သည်။

ဟိုတလောက ဖြစ်ထားတဲ့ကိစ္စကြောင့် သူရစ်ခီ့ကိုစကားလည်းမပြော၊မျက်နှာချင်းလည်းမဆိုင်သလို ရစ်ခီရှန့်ဘက်ကလည်း ထယ်ရယ့်ကို စပြီးစကားပြောမလာခဲ့ ။ အဲလိုပါပဲ ရစ်ခီရှန့်အတွက်တော့ ထယ်ရယ်စိတ်ဆိုးခြင်းစိတ်မဆိုးခြင်းကသူ့အတွက်အရေးမပါလှပါ။ထယ်ရယ်ဘက်က စခေါ်မှ အဆင်ပြန်ပြေမည့် သိပ်အရေးမပါတဲ့ လူတစ်ယောက်ပါပဲ။ ထယ်ရယ့်ဘက်ကသာ ရစ်ခီရှန့်ကိုဆို ကြာကြာစိတ်မဆိုးနိုင်ပဲ ကိုယ်ဘာသာကိုယ်စိတ်ကောက် ..ပြီးရင် ကိုယ့်ဘာသာကိုယ် စိတ်ဆိုးပြန်ပြေလိုက်ရတာ ခနခနပါပဲလေ။ဘယ်လောက်ပဲမျက်နှာချင်းမဆိုင်ဘူးပြောပြော ရစ်ခီရှန်နဲ့ပတ်သတ်လာရင် မနေနိုင်တဲ့အကျင့်ကရှိနေတော့ ရစ်ခီရှန့်ကို လုပ်ပေးနေကျ နေ့စဉ်အရာတွေတော့ ပုံမှန်လိုက်လုပ်ပေးနေရမြဲပဲပင်။


That One Person [  COMPLETED ]Where stories live. Discover now