"ဝုန်း !! ....ခွမ်း!!! .."
"မဟုတ်ဘဲနဲ့ ငါ့ကို လာမစွပ်စွဲနဲ့ ..."
ဆူညံသံတွေကြောင့် ထယ်ရယ်အိပ်နေရာက လန့်နိုးလာကာ ထထိုင်မိသည်။
" ဘာမဟုတ်တာလဲ ... ဘာမဟုတ်တာလဲ ..ရှင်ဖောက်ပြန်နေလို့ ဖောက်ပြန်နေတယ်ပြောတာလေ ..."
"မင်း အသံတိုးစမ်းးး ကလေးတွေအိပ်နေတာ နိုးပြီးကြားသွားမယ် ..."
"အခုမှလာပြီး ကြောက်မနေနဲ့ ...ရှင်လုပ်ထားတာ ရှင်သိ ..."
"အာ... ဒီမိန်းမ ....ပြောလေဆိုးလေ ..."
"ဒုန်း ..... ခွမ်း ..... "
ဟိုဘက်အခန်းက ပစ္စည်းပစ်ပေါက်သံ ကျကွဲသံနဲ့ အန်ကယ်လ်တို့ရဲ့ အော်ဟစ်သံတွေကြောင့် ထယ်ရယ် သူ့ဘေးမှာအိပ်နေတဲ့ ချွမ်ရွေ့နိုးသွားမှာဆိုးလို့ နားလေးနှစ်ဖက်ပိတ်ပေးဖို့လုပ်လိုက်ပေမဲ့ အအိပ်ဆက်တဲ့ ကလေးက နိုးလာသည်။ ဟိုဘက်ကဆူညံသံတွေကြောင့် ကြောက်လန့်မှုတွေနဲ့အတူ မျက်လုံးလေးတွေက မျက်ရည်ဝိုင်းလာရင်း နှုတ်ခမ်းလေးကမဲ့ကျလာသည်။ ထို့နောက် ရင်ခွင်ထဲတိုးဝင်လာတာမလို့ ထယ်ရယ် ချွမ်ရွေ့ကိုယ်လေးကို အသာပွေ့ဖက်ထားမိသည်။
"သားကြောက်တယ် ကိုကို ... ဒယ်ဒီနဲ့ မာမီက အကြီးကြီးရန်ဖြစ်နေပြန်ပြီလားဟင် ... "
"မဟုတ်ပါဘူး .ချွမ်ရွေ့ရဲ့ .. ဒယ်ဒီနဲ့မာမီက ဒီလိုပဲ ခနလေးစကားကတောက်ကဆလေး ဖြစ်တာ ... ကိုကိုရှိတယ်နော် ... ချွမ်ရွေ့ဘာသံမှ မကြားရအောင် ကိုကိုကဒီလိုနားလေးပိတ်ထားပေးမယ်နော် ...ပြန်အိပ်ရအောင်နော် .... "
" ကိုကို!! ... ကိုကို သားကို ဘယ်တော့မှ ထားမသွားနဲ့နော် ...."
"ချွမ်ရွေ့လေးက ထွက်သွားလို့ မပြောမချင်း ကိုကိုက
ချွမ်ရွေ့လေးဘေးနားက ဘယ်သောအခါမှထွက်မသွားပါဘူး ကလေးရယ် ... အိပ်တော့နော် ... ကိုကိုရှိတယ် ..."12နှစ်အရွယ် ထယ်ရယ်လေးက ရင်ခွင်ထဲက ချွမ်ရွေ့လေးကို ခေါင်းလေးကို ခပ်ဖွဖွပွတ်သပ်ပေးရင်းပြောမိသည်။ ရင်ခွင်ထဲက ချွမ်ရွေ့လေးက အိပ်ချင်မူးတူးနဲ့ လက်သန်းလေး ထောင်ကာ ကတိတောင်းလာတော့ ထယ်ရယ် ထိုလက်သန်းလေးကို ချိတ်ကာ ကတိပေးမိသည်။
YOU ARE READING
That One Person [ COMPLETED ]
Fanfictionငါ့ရဲ့နောက်ဆုံးဆုတောင်းက မင်း ဆိုတဲ့ လူတစ်ယောက်ပါပဲ ~•