That One Person - 8

415 73 8
                                    

"အဲဒါဆို .... ခုနကကျွန်တော်ပြောထားတဲ့အတိုင်း လုပ်လိုက်ပါ ..အတတ်နိုင်ဆုံးရှယ်ယာရှင်တွေကြားသတင်းမပေါက်ကြားအောင် ကြိုးစားပေးပါ ... "

ထယ်ရယ် ဖုန်းချပြီးနောက် စားပွဲပေါ်ဖုန်းတင်လိုက်ရင်း ဆိုဖာနောက်မှီပေါ်သို့တစ်ကိုယ်လုံးမှီချလိုက်သည်။ သူတို့ ရှန်ဟိုင်းပြန်ရောက်ပြီးသိပ်မကြာခင်မှာပဲ ဆုံးပါးသွားတဲ့အန်ကယ်လ် ။ သူကိုယ်တိုင်လည်းခံစားရသလို သူ့ထက်ပိုခံစားနေရမည့်
ရစ်ခီ့ကိုလည်း သူ့မှာဘေးနားကနေနှစ်သိမ့်ပေးရသည်။

အန်ကယ်လ်ဆုံးပြီး ရှန် Group တစ်ခုလုံး ဆက်ခံသူရစ်ခီ့လက်ထဲလွှဲခဲ့ပေမဲ့ တကယ်ဦးစီးနေရတာက ထယ်ရယ်ပင် ။ကိုယ်တော်ချောက အခုထိခေါင်းရှောင်ကောင်းနေတုန်း။ ထို့အပြင် CEO ရှန် ဆုံးပါးသွားပြီးနောက် သူ့သားဖြစ်သူ ဆက်ခံမည်ဆိုတဲ့သတင်းနဲ့အတူ အရင်ကတည်းကလက်ဝါးကြီးအုပ်ချင်နေတဲ့ ရှယ်ယာရှင်တစ်ချို့တွေက မတည်မငြိမ်ဖြစ်လာသည်။ ဖြစ်ဆိုတစ်ခါမှမမြင်ဖူးတဲ့ CEO ရှန်ရဲ့သားကဆိုးတယ် ..ပိုက်ဆံဖြုန်းဖို့ပဲတတ်တယ် .ဒီ Group တစ်ခုလုံးကို ဦးဆောင်နိုင်ပါ့မလား စတဲ့သတင်းတွေဖြန့်ပြီး သို့လော သို့လောပြောကြသည်။ ။အဲလိုပြောတိုင်း ထယ်ရယ်ကကြားထဲက စိတ်တိုနေတတ်သလောက် ကာယကံရှင် ရစ်ခီရှန်တို့က ဘာမှမသိအပူအပင်မရှိ စိတ်ရောလူရောအလေလိုက်နေသည်။ အစကတော့ အန်ကယ်ဆုံးခါစမို့ လွှတ်ထားလိုက်ပါမယ်လေ တွေးပေမဲ့ အခုထိလှည့်တောင်မကြည့်တော့ ထယ်ရယ်အားမလိုအားမရဖြစ်ကာ စိတ်တိုလာရသည်။ ရစ်ခီရှန့်ကို တည်တည်ငြိမ်ငြိမ်နဲ့ အလုပ်ကိုသေချာဦးစီးစေချင်သည်။ထိုကလေးသာ သေချာလုပ်မည်ဆို ရှန် Group ဟာ အန်ကယ်လ်ထင်ထားသလို ပိုလို့အောင်မြင်လာလိမ့်မည်ဟုထယ်ရယ်ယုံသည်။ ထိုအချိန်ဝင်လာတဲ့ဖုန်းတစ်ခု .... ။

"Hello အမိန့်ရှိပါ ..... "

".................."

"ဘာ!!!!! ..ဘယ်သူ့သဘောနဲ့ အရေးပေါ်ရှယ်ယာရှင်အစည်းအဝေးကိုကျင်းပမှာလဲ ..... "

"...................."

"ထပ်ပြီး ကျိုးရိရှန်!!! ....ဒီလူတော့ ....""

That One Person [  COMPLETED ]Where stories live. Discover now