That One Person - 10

543 65 12
                                    

       "ကျိုးရိရှန် .... Company ငွေကြေးအလွဲသုံးစားလုပ်မှုရယ်၊CEO ရှန် အား လုပ်ကြံရန်ခိုင်းစေမှုရယ်အတွက် လူကြီးမင်းကို ဖမ်းလိုက်ပါပြီ...."

     " မဟုတ်ဘူး ..... ငါမလုပ်ဘူး...ငါလုပ်တယ်လို့ဘယ်မှာသက်သေရှိလဲ...."

     "စက်ရုံ တာဝန်ခံမန်နေဂျာက နောက်ကွယ်မှာ ဒီဘက်ကလူကြီးမင်းက ခိုင်းစေတာပါလို့ ဝန်ခံပြီးသွားပါပြီ ...သက်သေတွေလည်းကျွန်တော်တို့လက်ထဲ ရောက်လာပြီမလို့ .... လူကြီးမင်းရှောင်လွှဲလို့မရတော့ပါဘူး ...စခန်းလိုက်ခဲ့ပါ...."

ကျိုးရိရှန် အရှုပ်ထုပ်တွေ အားလုံးပြီးသွားမှပဲ သူတို့ Company ကိုပြန်လာခဲ့ကြသည်။ ထိုကိစ္စကလည်း ပြီးသွားတဲ့အပြင် ချွမ်ရွေ့ပထမဆုံးတာဝန်ယူရတဲ့ ရောင်းအားကျနေတဲ့ project ကလည်းပိုအောင်မြင်သွားတာမို့ အခုဆို ချွမ်ရွေ့ ဟာ ရှန် Group ရဲ့ CEO အဖြစ် ထိုက်တန်ကြောင်း သက်သေပြပြီးသားလည်းဖြစ်သွားသည်။ အခုကျမှ ကန့်ကွက်ချင်တဲ့ ရှယ်ယာရှင်တစ်ချို့လည်း ပါးစပ်ပေါက်ပိတ်သွားတော့သည်။ ထယ်ရယ်  ရုံးခန်းထဲက ဆိုဖာပေါ်ခြေပစ်လက်ပစ်ထိုင်ချလိုက်ရင်း ....

      "ချွမ်ရွေ့  .... မန်နေဂျာကလေ  ...မိသားစုကြောင့် ငွေလိုလို့လုပ်ရတာထင်တယ် .... သူ့မှာ နေမကောင်းနေတဲ့ သမီးလေးရှိတယ်လို့ပြောတယ် .... အဲလိုကျ သနားပါတယ်​နော် .... "

ထယ်ရယ့်ရဲ့စိတ်မကောင်းသလိုလေးအပြောကို ရစ်ခီက စာရင်းတွေကြည့်နေရာက ခေါင်းငြိမ့်ပြရင်း ...

    "ကိုကို ဘာပြောချင်လဲ ကျွန်တော်သိတယ် .... မပူပါနဲ့ ... မန်နေဂျာရဲ့ မိန်းမကို သွားတွေ့ခိုင်းထားပြီး ကလေးအတွက်ရော ဆေးရုံစရိတ်ကအစ လိုအပ်တာ အကုန်လုပ်ပေးဖို့ပြောထားတယ် ..."

    "တကယ်!  ..... ချွမ်ရွေ့  အတော်ဆုံး ..... တော်လက်စနဲ့  ဒီည အဖွဲ့သားတွေနဲ့အတူ စားပွဲလုပ်ရအောင် .....သူတို့လည်းပင်ပန်းထားတာ.... "

   "ဆိုင်ကို  ကြိုတင်  Booking ချိတ်ပြီးသားပါဗျာ.... "

   "ဝါး  ..... ရှန်ချွမ်ရွေ့တို့  လိမ္မာတယ် ...ဒီတစ်ခါတော်တာထက် ပိုသွားပြီ ...."

That One Person [  COMPLETED ]Where stories live. Discover now