That One Person - 9

430 71 9
                                    

       "ရောင်းအားကျနေတာ ဘယ်အပိုင်းကလဲ ..... ကင်မ်ထယ် ..."

ရစ်ခီ  File တစ်ချို့ကို ရှာရင်းမေးလိုက်သည်။ ၕည့်ခန်းထဲ၌ laptop ကိုယ်စီနဲ့ စာရွက်စာတမ်းတွေနဲ့ နှစ်ယောက်လုံး အလုပ်ထဲခေါင်းစိုက်နေရတာ တော်တော်ကြာပြီဖြစ်သည်။ ဒယ်ဒီဆုံးပြီးနောက်ပိုင်း နဲ့ သူအလုပ်မဝင်ခင် ထယ်ရယ် အိမ်က စီမံပေးနေသည့်စပ်ကြားကို ကျိုးရိရှန်းနဲ့အပေါင်းအပါတွေ အလွဲသုံးစားလုပ်ပြီး အရှုံးပေါ်နေတဲ့ လုပ်ငန်းပိုင်းတစ်ချို့ကို ပြန်ဆယ်ယူနေရသည်မှာ ခေါင်းတွေတောင်ပေါက်ထွက်မတတ်ပင်။

     "ငါ့အထင်  အဝတ်အထည်ပိုင်းထင်တယ် ချွမ်ရွေ့... ဟိုတလောက  အရေပြားနဲ့ဓာတ်မတည့်တဲ့ ပြဿနာပေါ်လာလိုဖြေရှင်းရသေးတယ် .... ဘတ်ဂျက်အတွက် Quality ကောင်းတာသုံးဖို့ငွေစာရင်းပြသွားပေမဲ့ ထွက်လာတဲ့ Brand တွေက အရည်အသွေးသိပ်မကောင်းချင်ဘူး .... ဒီမှာကြည့် ....."

ထယ်ရယ်က  ပြောပြီး အစ တစ်စထုတ်ပြတာမို့ ရစ်ခီက အသာကိုင်ကြည့်ရင်း

     "မနက်ဖြန် စက်ရုံဘက်သွားကြည့်မှ ဖြစ်မယ်ထင်တယ် .."

ရစ်ခီပြောရင်းကင်မ်ထယ့်ဘက်ကြည့်လိုက်တော့ မျက်ကြောစင်းကာငိုက်ချင်နေပြီဖြစ်သည်။

      "ကင်မ်ထယ် ...အိပ်ချင် သွားအိပ်တော့ ....ငါပဲလက်စသတ်လိုက်မယ် ...သွား "

   "ရတယ် ရတယ် မင်းပြီးတဲ့အထိ ...ငါစောင့်မယ်..... "

    "ပြောမရလဲ ....ပြီးတာပဲ......"

ရစ်ခီ  လုပ်လက်စအား လက်စသတ်လိုက်ပြီးနောက် laptop ကိုပိတ်လိုက်သည်။ အလုပ်ထဲအာရုံရောက်နေတာမို့ ဘေးက ကင်မ်ထယ်ကို အာရုံမစိုက်မိလိုက်တာ စားပွဲခေါင်းတင် အိပ်နေတာများ ဟောက်သံပိစိလေးတောင်ထွက်နေချေသည်။ သူအသာရယ်လိုက်ရင်း ....

      "ကင်မ်ထယ် ... ထ  ထ ... အခန်းထဲသွား အိပ် ...
ကင်မ်ထယ် ...."

ရစ်ခီနှိုးသော်လည်း တုတ်တုတ်မှလှုပ်မလာတာမို့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေမှန်းသိလိုက်သည်။ အမှန်ဆို ဒီရက်ပိုင်း သူရော ကင်မ်ထယ်ပါ တကယ်ပင်ပန်းသည်။ Company မှာရော အိမ်မှာပါ ထိုပြသနာကိုဖြေရှင်းဖို့ကြိုးစားနေရတာ။ ဒါသာအဆင်ပြေသွားခဲ့ရင် ရှယ်ယာရှင်တွေကိုလည်း သူလုပ်နိုင်ကြောင်းသက်သေပြပြီးသားဖြစ်မှာပင်။

That One Person [  COMPLETED ]Where stories live. Discover now