"ဒေါက်! ဒေါက်! ဒေါက်! ....."
အခန်းရှေ့ကတံခါးခေါက်သံကြောင့် ထယ်ရယ် ဆတ်ခနဲနိုးလာကာ အိပ်ချင်မူးတူးထရင်း ... တံခါးဖွင့်ပေးလိုက်သည်။ ဘေးမှာ ရှန်ချွမ်ရွေ့တို့က အိပ်ပျော်နေတုန်းပင်။
"ရှန်!! ဪ အတွင်းရေးမှူး ကင်မ် ...... အတွင်းရေးမှူးကင်မ်က ဘယ်လိုလုပ် .....ရှန့်အခန်းထဲ.... "
လီယန် ရှန့်အခန်းတံခါးခေါက်လိုက်တော့ လာဖွင့်တာက ရှန်မဟုတ်ပဲ..ကင်မ်ထယ်ရယ်။ တီရှပ်အဖြူခပ်ပွပွနဲ့ အောက်က ဘောင်းဘီဒူးအထက်အတိုလေးနဲ့ အခုမှအိပ်ရာကထလာသလို ခေါင်းကရှုပ်ပွနေလေသည်။ လည်ပင်းနဲ့ရင်ညွန့်စပ်က အရာတစ်ချို့ကိုမြင်တဲ့အခါ လီယန် မကျေနပ်စိတ်တို့က တိုးလာသည်။ အရွယ်ရောက်ပြီးသားလူတစ်ယောက်အနေနဲ့ ဒီအခြေအနေကဘာလဲဆိုတာ မပြောတောင်သိနိုင်ပါသည်။ လီယန့်ရဲ့အကြည့်စူးစူးတို့က သူ့ကိုယ်ပေါ်ရောက်လာသည့်အခါ အပေါ်ဆုံးကြယ်သီးမတပ်ထားလို့ဟနေသည့် ရင်ညွန့်စပ်နေရာကို ထယ်ရယ်လက်ကလေးနဲ့ အသာဖုံးလိုက်သည်။ထို့နောက် လီယန့်အားပြုံးပြလိုက်ရင်း ....
"အာ ညက ..... Company ကစာရင်းလုပ်ရင်းအိပ်ပျော်သွားလို့ .... ဒီမှာအိပ်လိုက်တာ ...ဒါနဲ့ ဘာကိစ္စရှိလို့လဲ လီယန်က ... "
"ရှန် ဒီနေ့ ရိုက်ကွင်းကို လာမှာလားလို့ မေးကြည့်ချင်လို့ပါ ..."
"Schedule အရတော့ ချွမ်ရွေ့ သွားမယ်ထင်တယ် .... ဘာလို့လဲ...."
" ကျွန်တော့်ကိုပါခေါ်သွားဖို့ပြောချင်လို့ပါ .... ကျွန်တော့်မန်နေဂျာက ကျန်းမာရေးကြောင့် အခုထိ အနားယူနေတုန်းဆိုတော့ အကြိုအပို့လုပ်ပေးမဲ့သူ မရှိလို့ပါ .... အဲဒါရမလားဟင် ..."
"ဟို ...... "
"မရဘူး !!!! "
ထယ်ရယ် ပြောမလို့လုပ်နေတုန်း ပွင့်လာတဲ့တံခါးနဲ့အတူ အပေါ်ပိုင်းဗလာနဲ့ ထွက်ချလာပြီးထယ်ရယ့်ဘေးကိုလာရပ်တဲ့ ချွမ်ရွေ့၊ လီယန်က သူတို့နှစ်ယောက်ကို အစုံအဆန်ကြည့်ပြီးနောက် မျက်နှာပျက်သွားကာလက်သီးကိုတင်းတင်းဆုပ်လိုက်သည်။ သို့သော်ခနသာ ...ချက်ချင်းတန်းပြီး မျက်နှာက ပြောင်းလဲသွားသည်။ မျက်နှာပျက်သွားသည့်အကြောင်းရင်းကတော့ အပေါ်ပိုင်းဗလာဖြစ်နေတဲ့ ချွမ်ရွေ့ရဲ့ shirt ကို ဝတ်ထားသည့်လူက သူ့ဘေးက ထယ်ရယ်ဖြစ်နေတာကြောင့်ပင်။ ဒီလောက်ဆို ချွမ်ရွေ့ထုတ်မပြောလည်း သူတို့နှစ်ယောက်အကြောင်း အနည်းအကျဉ်းတော့ ရိပ်မိမယ်ထင်ပါတယ်။ ရိပ်မိအောင်လို့လည်း ညကတမင် ထယ်ရယ့်အား သူ့အကျီကိုပေးဝတ်ထားခဲ့တာပင်။
YOU ARE READING
That One Person [ COMPLETED ]
Fanfictionငါ့ရဲ့နောက်ဆုံးဆုတောင်းက မင်း ဆိုတဲ့ လူတစ်ယောက်ပါပဲ ~•