That One Person - 7

407 74 8
                                    

      ကင်မ်ချီဟင်းရည်ကို အရသာမြည်းကြည့်ပြီးနောက် အနေတော်တာနဲ့ မီးပိတ်လိုက်သည်။ အရန်ဟင်းအချို့ကို စားပွဲပေါ်ချပြီးနောက် ညစာပြင်ဆင်တာပြီးလေသည်။ စားခါနီးမှ ဟင်းရည်ကိုပြန်နွှေးလိုက်ရုံပင်။ အကုန်ပြင်ဆင်ပြီး ၕည့်ခန်းထဲထွက်လာတော့ ရှေ့က ဆိုင်ကယ်သံကိုကြားလိုက်ရသည်။ အခုရက်ပိုင်း ရစ်ခီတစ်ယောက် အိမ်ကိုစောစောပြန်လာတတ်သည်။ ဒီနေ့လည်း အချိန်မှန်ပြန်ရောက်လာတာမို့ ထယ်ရယ် ပြုံးလိုက်မိသည်။ သို့သော် အိမ်ထဲဝင်လာတဲ့
ရစ်ခီရဲ့ မျက်နှာကို မြင်လိုက်ချိန်မှာတော့ ထယ်ရယ့်မျက်နှာပေါ်က အပြုံးတွေ ပျောက်သွားရသည်။

      "ရစ်ခီ ..မျက်နှာက.. ဘယ်လိုဖြစ်လာတာလဲ ... "

အထိုးခံလာရသည့်ပုံစံ ပါးရိုးတွေရော နှုတ်ခမ်းတွေရော မျက်နှာတစ်ခုလုံးစုတ်ပြတ်သတ်ကာ မျက်လုံးတွေပါ နီရဲလို့နေသည်။ ဘယ်လောက်ပဲ ရစ်ခီရှန်အပေါ် ဂရုမစိုက်သလို နေကြည့်မယ်တွေးတွေး .... အခုလိုဒဏ်ရာရလာတာမျိုး မြင်လိုက်တာနဲ့ အဲစိတ်တွေက အလိုလိုပျောက်သွားကာ ထယ်ရယ် တစ်ယောက် ရစ်ခီ့အနားဘယ်လိုရောက်သွားမှန်းမသိ ..ခက်တော့ခက်နေပြီ... ကင်မ်ထယ်ရယ်...။  စိုးရိမ်စွာနဲ့ ဒဏ်ရာတို့ကို ထိကိုင်ကာ မေးမိတော့ ဖယ်ချခံလိုက်ရတဲ့လက်နဲ့အတူ အခန်းထဲသို့ဝင်သွားသည့် ရစ်ခီ။ ထယ်ရယ် ဖယ်ချခံလိုက်ရသည့်သူ့လက်လေးကို အသာကြည့်ရင်း သက်ပြင်းသာချမိသည်။ အမှတ်မရှိပြန်ဘူး ကင်မ်ထယ်ရယ် .... ။



          တံခါးခေါက်မလို့လုပ်ပြီးခါမှ မခေါက်တော့ပဲလက်ကိုအသာရုတ်ကာ လှည့်ထွက်လာတော့ နောက်ကတံခါးဖွင့်သံနဲ့အတူ ....

      "ကင်မ်ထယ် !!!...... "

      "ဒဏ်ရာ ဆေးထည့်ဖို့ ဆေးဘူးတွေလာပေးတာ ... ပြီးရင်ထမင်းစားဖို့ဆင်းလာခဲ့ ...."

ထယ်ရယ် ရစ်ခီ့လက်ထဲ ဆေးဘူးတွေထည့်ပေးလိုက်သည်။ပြောစရာရှိတာပြောပြီး သူအောက်ထပ်ဆင်းဖို့ လုပ်တော့ နောက်ကနေဖမ်းဆွဲခံလိုက်ရသည့် သူ့လက်တစ်ဖက်နဲ့အတူ ...

    "ဆေး  .... ကိုယ့်ဘာသာကိုယ် ..မထည့်တတ်ဘူး ...... မထည့်နိုင်ဘူး....မင်းထည့်ပေး...ငါဒဏ်ရာဖြစ်တိုင်း မင်းပဲဆေးထည့်ပေးနေကြပဲဟာ... "

That One Person [  COMPLETED ]Where stories live. Discover now