That One Person - 15

348 58 9
                                    

             တဂွမ်ဂွမ်မြည်နေတဲ့ ဖုန်းသံတွေကြောင့် ရစ်ခီအိပ်ပျော်ရာမှ လန့်နိုးလာရသည်။ မနက်အစောရှိသေးတယ် ဘယ်သူတွေဖုန်းဆက်နေတာပါလိမ့်။သူ ဖုန်းယူကြည့်လိုက်တော့ Company ကအထွေထွေအတွင်းရေးမှူး....။

     "ဟဲလို  ...... "

     "CEO!!!  .... သတင်းအမြန်ကြည့်ပေးပါအုံး ... အရေးကြီးလို့ အခု  CEO နဲ့ အတွင်းရေးမှူးကင်မ်ရဲ့သတင်းက ...."

    "ဘာ  ..... ငါကြည့်လိုက်မယ် ...."

ရစ်ခီဖုန်းချလိုက်ရင်း SNS ဖွင့်လိုက်တာနဲ့ တက်လာသောသတင်းများ....။ အဓိက က ကိုကိုနဲ့ သူရဲ့အကြောင်းပင်။

     "CEO ရှန်နဲ့ သူ့အတွင်းရေးမှူးရဲ့ဇာတ်လမ်း ...."

    "အရင်ကတည်းက တွဲနေကြတာလား .... "

    "CEO ရှန်နဲ့ သူ့အတွင်းရေးမှူးက ညီအစ်ကိုတော်စပ်သည်ဟုသိရ ...."

    "ညီအစ်ကိုချင်း ပြန်တွဲနေကြခြင်းလား ..... "

    "ရှန် group ရဲ့ ရှယ်ယာစျေးများ မငြိမ်မသက်မှုကြောင့် ရှယ်ယာရှင်များစိုးရိမ်မှုဖြစ်နေ... "

စသည်ဖြင့်  Title မျိုးစုံနဲ့ တက်လာတဲ့သတင်းတွေ။ နောက်ပြီး သူတို့နှစ်ယောက်ရဲ့ နီးကပ်တဲ့ပုံအချို့နဲ့အတူ နမ်းနေတဲ့ဝါးတားတား ပုံအချို့ပါ ပါလာသည်။

    "ချွမ်ရွေ့ !!!! ...... "

ခေါ်သံနဲ့အတူ ကိုကိုကလည်း အခုမှသိကာ အိပ်ရာထဲကထလာသည်ထင်  သူ့အခန်းထဲဝင်ချလာသည်။

    "ချွမ်ရွေ့...  ဘယ်လိုလုပ်မလဲ .... ငါတို့က ချပြဖို့လုပ်ထားပေမဲ့ ဘယ်သူကဒီလို ပုံတွေနဲ့ပါ အရင်တင်လိုက်ရတာလဲ ....ဘယ်လိုလုပ်ကြမလဲ ..."

ငိုတော့မလို မျက်နှာလေးနဲ့တောင် ချစ်ဖို့ကောင်းစွာမေးလာတာမို့ ရစ်ခီ  ကိုကို့ကိုယ်လေးကို  ဆွဲယူသိမ်းဖက်ရင်း နားသယ်စပ်စလေးကို ခပ်ဖွဖွလိုက်နမ်းမိသည်။

    "ရှန်ချွမ်ရွေ့ .... ပြဿနာတက်နေပါတယ်ဆို ဘယ်နှယ့်ကြောင့် ငါ့လိုက်နမ်းနေရတာတုန်း .... "

   "ကိုကိုကလည်း ဒါက ဖြေရှင်းဖို့ အားယူတာလို့ခေါ်တယ် ... နောက်ပြီးစိတ်မပူပါနဲ့ ကျွန်တော့်ကိုယုံတယ်မလား .... "

That One Person [  COMPLETED ]Where stories live. Discover now