" အတွင်းရေးမှူးကင်မ် ... CEO ခေါ်နေပါတယ် ..."
ဝန်ထမ်းကောင်မလေးလာအပြောကို ထယ်ရယ် စာရင်းတွေကြည့်နေရာက ခေါင်းတစ်ချက်သာငြိမ့်ပြလိုက်ပြီး
"စာရင်းတွေလုပ်နေလို့ မအားသေးဘူးလို့ပြောလိုက်ပါ ...."
ထိုကောင်မလေးက ခေါင်းကုတ်ကာ ချွမ်ရွေ့ရှိရာဆီ ပြန်ဝင်ပြောသည်။ ချွမ်ရွေ့ကဘာပြောလိုက်သည်မသိ ထယ်ရယ့်ကိုပြုံးပြကာ သူ့နေရာသူ သွားထိုင်လေတော့သည်။ ထယ်ရယ့်အလုပ်စားပွဲက ချွမ်ရွေ့အခန်းထဲမှာဆိုပေမဲ့ ထယ်ရယ် အခုတလော ချွမ်ရွေ့ကို ရှောင်နေချင်တာမို့ ဝန်ထမ်းတွေရှိရာဘက်မှာ အလုပ်လာလုပ်နေတာဖြစ်သည်။ ခနနေတော့ ချွမ်ရွေ့ဆီကနေ ဖုန်းဝင်လာသည်။ မကိုင်။ သုံးလေးခါလောက်ခေါ်အပြီးမှာ ဆက်မခေါ်တော့ပေ။ ထိုအစား message ဝင်လာတာမလို့ ကြည့်လိုက်တော့...
✉️ ကိုကို! ကျွန်တော်ဖျားနေပြီ ....
ဖျားနေပြီဆိုတဲ့ စာကြောင့် စိတ်ပူသွားပေမဲ့ သူမလာလာအောင်ညဏ်များတတ်တဲ့သူမလို့ သိပ်လည်းမယုံချင်ပါ။ အဲဒါကြောင့် ချက်ချင်းထပြီး ရုံးခန်းထဲဝင်သွားချင်စိတ်ကို ချိုးနှိမ်ကာ စာရင်းတွေဘက် အာရုံပြန်စိုက်လိုက်သည်။
"အတွင်းရေးမှူးကင်မ် ....."
အချိန်ဘယ်လောက်ကြာသွားသည်မသိ ဝန်ထမ်းကောင်မလေးလာခေါ်မှ သူ အချိန်ကိုသတိရသည်။
"ဘာကိစ္စရှိလို့လဲ .... "
"CEO ဆီ လက်မှတ်ထိုးဖို့ သွားတာ ... ခေါ်မရလို့ပါ... အရင်ကဆို တံခါးခေါက်တာနဲ့ ရတာကို ...."
"ဘယ်လို!!! လက်မှတ်ထိုးရမဲ့ဟာပေးလိုက် ကျွန်တော်သွားပေးပေးမယ် ...."
ထယ်ရယ် လက်မှတ်ထိုးရမဲ့ File ယူကာ ချွမ်ရွေ့အခန်းထဲဝင်ခဲ့လိုက်သည်။ ထိုင်ခုံမှာ မရှိတာကြောင့် အခန်းထဲဝေ့ကြည့်လိုက်တော့ ...ဆိုဖာပေါ်မှာလှဲလျက် ....။နေမကောင်းက တကယ်ဖြစ်နေတာလား ....သူ ဆိုဖာနား သွားလိုက်ရင်း ....နဖူးကိုစမ်းကြည့်လိုက်တော့ ပူကျစ်နေတာကြောင့် လန့်သွားရသည်။ ငါဘယ်လိုတောင် ဟန်ဆောင်တယ်ဆိုပြီး တွေးမိခဲ့ပါလိမ့် .....
YOU ARE READING
That One Person [ COMPLETED ]
Fanfictionငါ့ရဲ့နောက်ဆုံးဆုတောင်းက မင်း ဆိုတဲ့ လူတစ်ယောက်ပါပဲ ~•